Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းစျေးရောင်းပွဲတော် တစ်ခုမှာ ဓား၊ ပြောင်းတိုသေနတ်နဲ့ တိုက်ခိုက်မှုဖြစ်ပြီး ၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံက ဒေသတွင်း စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓားတွေ၊ ပြောင်းတိုသေနတ် တစ်လက်ကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

သြဂုတ် – ၁၃ ၊၂၀၂၆

ထိုင်းနိုင်ငံက ဒေသတွင်း စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓားတွေ၊ ပြောင်းတိုသေနတ် တစ်လက်ကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ် ၁၂ ရက် ညပိုင်းက နက်ခွန် ရတ်ချာဆီမာပြည်နယ်၊ ဒန်ခွန်သော ခရိုင်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်း ရမ်းကားသူ တစ်စုဟာ ဓားတွေအပြင် လက်လုပ် ပြောင်းတို သေနတ် တစ်လက်ကိုပါ အသုံးပြုခဲ့ကြောင်း အာာပိုင်တွေက ပြောပါတယ်။

လောလောဆယ်တော့ ရဲတွေက သံသယ တရားခံ တစ်ဦးကို ထိန်းသိမ်းထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ချမ်ရှော့ချိုင်းဆိုတဲ့ အစားအသောက်နဲ့ စျေးရောင်းပွဲတော်တစ်ခု ကျင်းပနေချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဖမ်းမိထားသူကလွဲလို့ ကျန်တဲ့ ကျူးလွန်သူတွေက ထွက်ပြေး လွတ်မြောက်နေဆဲပါ။

Public Service Announcement

Public Service Announcement

အဖမ်းခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် နတ်သာကစ် ဒုခ်ခွန်သောကတော့ သူတို့အဖွဲ့ဟာ မော်တော်ဆိုင်ကယ် ခိုးမှုတစ်ခုမှာ မတရား စွပ်စွဲခံရလို့ ပြဿနာ စခဲ့တာလို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

ပွဲကျင်းပတဲ့ တာဝန်ခံတွေက သူ့သူငယ်ချင်းတွေကို ဆိုင်ကယ်သူခိုးတွေအဖြစ် စွပ်စွဲခဲ့ကြောင်း၊ ရန်ဖြစ်ကြတဲ့အခါ သူက သူငယ်ချင်းတွေဖက်က ဝင်ကူရင်း သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း နတ်သာကစ်က ပြောပါတယ်။ သူ့ရဲ့ လိုင်စင်မဲ့ သေနတ်ကိုလည်း ရဲတွေက သိမ်းဆည်းရမိထားပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ၂ ဦးရဲ့ အခြေအနေက ပြင်းထန်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံတစ်ခုဆီ ပို့ပေးခဲ့ပြီး အခြေအနေ စိုးရိမ်ရသူတွေကိုတော့ မဟာရတ် နက်ခွန် ရတ်ချာဆီမာ ဆေးရုံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ပွဲစီစဉ်သူတွေရဲ့ အဆိုအရ စျေးရောင်းပွဲပြီးလို့ ပစ္စည်းသိမ်းချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရဲတွေကတော့ မော်တော်ဆိုင်ကယ် ခိုးမှု စွပ်စွဲချက်ကနေစပြီး လက်နက်ကိုင် ရန်ပွဲ ဖြစ်ပွားတဲ့ထိ ဖြစ်စဉ်အားလုံးကို အသေးစိတ် စုံစမ်းနေပါတယ်။ ပြီးတော့ ထွက်ပြေး လွတ်မြောက်သွားသူတွေကိုလည်း လိုက်ရှာနေပါတယ်။

ထိုင်းမှာ သေနတ်သမား အပါအဝင် လူ ၉ ဦး သေဆုံးတဲ့ ကျောင်းတွင်းပစ်ခတ်မှု၊ လွှတ်တော် အမတ်ဟောင်း တစ်ဦးက ဒေသဆိုင်ရာ အရာရှိ တစ်ဦးကို ပစ်သတ်ခဲ့မှုတွေအပြီး ရက်ပိုင်းအကြာမှာ အခုမှုခင်း ထပ်မံ ပေါ်ပေါက်လာတာပါ။

ထိုင်းအစိုးရကတော့ လက်နက်ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေနဲ့ အရေးယူမှုတွေကို ပိုမိုတင်းကျပ် လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား – Bangkok Post၊ Khaosod

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစ်စီးဟာ အောက်တိုဘာ လဆန်းပိုင်းကျရင် တပ်သားတွေ အပန်းဖြေ အနားယူမယ့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ဆီ ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။

Trending

Facebook