Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးဖို့ စစ်ကောင်စီကင်းပုန်းဝပ်တာတွေကိုပါလုပ်ဆောင်နေ

လက်ရှိမှာလုံခြုံရေးအခြေနေကြောင့် သပိတ်တွေအသံတိတ်နေသေးတာဖြစ်ပြီးမကြာမီ ပြန်ထွက်လာတော့မယ်လို့ ဆန္ဒပြသပိတ်စစ်ကြောင်းက လူငယ်တွေက ပြောပါတယ်။

(ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက မန္တလေးက ဆန္ဒပြလူငယ်သပိတ်စစ်ကြောင်း)

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေရှိနေပေမယ့် နေ့စဉ်နီးပါး လမ်းပေါ်ထွက်ကာ ဆန္ဒပြတဲ့ မန္တလေးက သပိတ်လူငယ်တွေကို ဖမ်းဆီးဖို့စစ်ကောင်စီဟာ ကင်းပုန်းချပြီး သတင်းယူကာ လိုက်လံဖမ်းဆီးတာတွေလုပ်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြနိုင်ခြေရှိတဲ့ လမ်းတွေမှာ အရပ်ဝတ်နဲ့စောင့်ကြည့်သလို ၊ ကင်းပုန်း ဝပ်ပြီး စောင့်ဆိုင်းတာတွေ လုပ်နေတာကို သိရတယ်လို့ ဆန္ဒပြလူငယ်အချို့ကပြောကြပါတယ်။

“သူတို့က နောက်ယောင်ခံပြီးတော့ကိုလိုက်တာပဲ၊ လမ်းမတွေရဲ့ နေရာတိုင်းမှာ ကင်းပုန်းထားတယ်၊ဆန္ဒပြဖို့ ဆိုင်းဘုတ်ကိုင်လိုက်တာမျိုး၊ လူစုလိုက်တာနဲ့ချက်ချင်းသိပြီး စစ်ကားတွေရောက်လာပြီး တိုက်ဖမ်းတော့တာပဲ” လို့ ဆန္ဒပြလူငယ်တစ်ဦးက ဆိုပါတယ်။

ဒါအပြင် ဆန္ဒပြပွဲအပြီး နောက်ကနေ ခြေရာခံလိုက်ကာ ဖမ်းဆီးတာမျိုးလည်းရှိနေပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာလုံခြုံရေးအခြေနေကြောင့် သပိတ်တွေအသံတိတ်နေသေးတာဖြစ်ပြီးမကြာမီ ပြန်ထွက်လာတော့မယ်လို့ ဆန္ဒပြသပိတ်စစ်ကြောင်းက လူငယ်တွေက ပြောပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်တွေဟာ နေ့စဉ် လမ်းတော်တော်များများမှာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်လျက်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။