Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် စစ်သားတစ်ဦးစီအတွက် ဒေါ်လာ ၃ သောင်း အီရန် ဆုငွေထုတ်

အမေရိကန် စစ်သားတွေကို သုတ်သင်ပေးရင်၊ ဒါမှမဟုတ် ဖမ်းဆီးပေးရင် ဒေါ်လာ ၃ သောင်း ချီးမြှင့်မယ်လို့ အီရန်က ဆုငွေထုတ်လိုက်ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် စစ်သားတွေကို သုတ်သင်ပေးရင်၊ ဒါမှမဟုတ် ဖမ်းဆီးပေးရင် ဒေါ်လာ ၃ သောင်း ချီးမြှင့်မယ်လို့ အီရန်က ဆုငွေထုတ်လိုက်ပါတယ်။

အီရန် ကြည်းတပ် အကြီးအကဲ အမာ ဟာတာမီက ဩဂုတ် ၁၆ ရက်နေ့မှာ အခုလို ကြေညာခဲ့တဲ့နောက် စိတ်ဝင်တစား ကမ်းလှမ်းမေးမြန်းမှုတွေ အများကြီး လက်ခံရရှိခဲ့ကြောင်း ပြောပါတယ်။ အီရန်ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီစွမ်းဆောင်မှုကို အမျိုးသမီး တစ်ဦးကသာ ပြုလုပ်နိုင်ရင် ဆုငွေကို နှစ်ဆတိုးပေးမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ အတောအတွင်း အမေရိကန်တပ်တွေ အီရန်မြေပေါ် ခြေချလာတာမျိုးတော့ မရှိသေးပါဘူး။ ခြွင်းချက် အနေနဲ့ ဧပြီလတုန်းက အီရန်ပစ်ချတာ ခံရတဲ့ အမေရိကန် လေသူရဲတွေကိုတော့ အီရန်ပိုင်နက်ထဲထိ အမေရိကန် အထူးတပ်ဖွဲ့တွေက ဝင်ရောက်ပြီး ကယ်ထုတ်သွားခဲ့ပါတယ်။

အမေရိကန် စစ်သားတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ ဖမ်းမိဖို့ မျှော်လင့်ထားသလဲ ဆိုတာကိုတော့ ဟာတာမီက အသေးစိတ် ပြောမသွားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ကျူးကျော်သူ အမေရိကန် စစ်မှုထမ်း တစ်ဦးကို သုတ်သင်သူ၊ ဒါမှမဟုတ် အရှင်ဖမ်းပေးသူ ဘယ်သူမဆို ဒေါ်လာ ၃ သောင်း၊ ဒါမှမဟုတ် အီရန် တိုမန်စ် ၅ ဘီလီယံ ချီးမြှင့်ခံရမယ်လို့ ဟာတာမီက ဆိုပါတယ်။ ဒီလို စွမ်းဆောင်မှုမျိုးကို ကိုယ်တိုင် လုပ်ပြနိုင်တဲ့ ရဲစွမ်းသတ္တိ ပြည့်ဝသူ အီရန် အမျိုးသမီးတွေကတော့ ဆုကြေးနှစ်ဆ ရစေမယ်လို့ သူက အာမခံခဲ့ပါတယ်။

ဟာတာမီက ပင်လယ်ကွေ့ ဒေသထဲကနေ အမေရိကန်တပ်တွေ ထွက်ခွာသွားဖို့လည်း ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။ ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင်လယ်ကွေ့နဲ့ ဟောမုဇ် ရေလက်ကြားထဲမှာ အမေရိကန်က ဆက်ပြီး တပ်ဖြန့်ထားပိုင်ခွင့် မရှိတော့ဘူးလို့ သူက ပြောပါတယ်။

အီရန်နဲ့ အမေရိကန် စစ်ဖြစ်ပြီး တစ်လကျော်လောက် အကြာမှာ F-15 တိုက်လေယာဉ် တစ်စီးကို အီရန်ဖက်က ပစ်ချခဲ့ပါတယ်။ လေယာဉ်မှူး တစ်ဦးကို အမေရိကန်က ချက်ချင်းလိုလို ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒုတိယ တစ်ဦးကတော့ အီရန်ပိုင်နက်ထဲမှာ ရက်ပိုင်းလောက် ပုန်းအောင်းနေခဲ့ရပြီး သူ့ကို အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀ ကျော်၊ လေယာဉ်ပေါင်း ၁၇၀ ကျော် အသုံးပြုပြီး အီရန်တပ်တွေထက် လက်ဦးမှုယူ ကယ်ထုတ်ခဲ့ရပါတယ်။

အဲဒီ မစ်ရှင်အတွင်းမှာ အမေရိကန်ဟာ A-10 မြေပြင်တိုက်ခိုက်ရေး လေယာဉ်နဲ့ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ် အပါအဝင် လေယာဉ်တချို့ကို ဆုံးရှုံးခဲ့၊ ဒါမှမဟုတ် ဖျက်ဆီးပြီး စွန့်ပစ်ခဲ့ရပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား အပစ်အခတ် ရပ်စဲရေး စာချုပ်ခဲ့ပေမယ့် နှစ်ဖက်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် သဘောတူညီမှု ပျက်ပြယ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို အသီးသီး ရပ်နားထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အီရန်အပေါ် စစ်ရေးအရ ထိုးနှက်မှုတွေကို ရပ်နားထားပြီး စီးပွားရေးအရ ပိုမို ဖိအားပေးသွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေက စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစည်း ကျိုးပေါက်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

Trending

Facebook