Connect with us

Hi, what are you looking for?

ဆောင်းပါး

၆၂ လမ်းက စောင့်နေတဲ့​မေ​မေ

ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ “ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ”တဲ့။ သူ့သားလေး ပျောက်ဆုံးသွားတဲ့နေရာမှာ Tiktok လာရိုက်ပြီး အကူအညီတောင်းနေရှာတာပါ။

Screenshot

ထွန်းညိုဦး၊ People’s Spring

ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ “ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ”တဲ့။ သူ့သားလေး ပျောက်ဆုံးသွားတဲ့နေရာမှာ Tiktok လာရိုက်ပြီး အကူအညီတောင်းနေရှာတာပါ။

ပျောက်ဆုံးကြောင်းကိုသာတွင်တွင်ပြောနေပြီး သားရဲ့အချက်အလက်တွေ၊ ပျောက်ဆုံးနေရာအတိအကျတွေ၊ ဘယ်လိုပျောက်ဆုံးသွားခဲ့တယ်ဆိုတာတွေကို ထည့်မပြောနိုင်လောက်အောင် မိခင်ဟာ သားဇောနဲ့ ပျာယာခပ်နေရှာပါတယ်။ သူနဲ့ နီးစပ်သူတွေက Comment ကနေ ရှင်းပြကြတယ်။

သူ့သားဟာ သြဂုတ်လ ၁၀ ရက်ဝန်းကျင်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘို-မြစ်ငယ်လမ်းက ဆောက်တောဝရွာ အောင်စီကားဂိတ်အနီးမှာ ပျောက်ဆုံးသွားတာလို့ သိရတယ်။ သားဟာ မုံရွာအလုံကနေ မန္တလေးမြို့မှာ ယာဥ်နောက်လိုက် လာလုပ်နေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။ ကားမော​င်းတဲ့သူဖုန်းဆက်တော့မှ ပျောက်တဲ့အကြောင်း သိရတော့ မိခင်လည်း မန္တလေးကို အပြေး

Public Service Announcement

Public Service Announcement

အလွှား ရောက်လာခဲ့ရတယ်။ မိခင်ရောက်တော့လည်း ဘာလုပ်တတ်မှာတုန်း။ Tiktok ရိုက်ပြီး တင်ရတော့တာပေါ့။

Tiktok သုံးစွဲသူတွေကလည်း Share ပေးကြပါတယ်။ သို့ပေမဲ့ ကလေးသတင်း အစအနမရခဲ့ဘူး။ သားကို ခုထိမတွေ့သေးဘူး။ မိခင်ရင်ကွဲရပြီ။

အဲဒါနဲ့တင်မပြီးဘဲ ကလေးကို တွေ့ထားတယ်။ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး မက်ဆေ့တွေပို့၊ ဖုန်းတွေဆက်ပြီး သားပျောက်မိခင်ကို လိမ်ကြတော့တာပါ။ “ခဏခဏ အလိမ်ခံနေရပါတယ်။ သားလေးကို ပြန်တွေ့ပြီဆိုပြီးတော့မှ ပြန်ပြီးသတင်းလွှင့်ခိုင်းပြီးတော့မှ မဟုတ်ဘဲ တွေ့လည်းမတွေ့ဘဲနဲ့ ကျမတို့ကို ခဏခဏငွေညှစ်ညှစ်နေပါတယ်။ စိတ်ညစ်လှပါပြီ ကျမလည်း။ စစ်မှုထမ်းဆွဲသွားရင်လည်း အမြန်ဆုံးအကြောင်းကြားပါ။”လို့ သားပျောက်မိခင်က Tiktok ကနေ ရင်ဖွင့်ခဲ့ပါတယ်။

တကယ်တော့ စစ်တပ်အာဏာသိမ်းပြီး စစ်မှုထမ်းပေါ်လာပြီးနောက်ပိုင်း ပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွားဖြစ်လာခဲ့တယ်။ ပေါ်တာဆွဲရောင်းစားသူတွေအပြင် ပျောက်ဆုံးသူရဲ့မိသားစုဝင်တွေဆီကိုလည်း လိမ်လည်ငွေညှစ်တာတွေ မကြာခဏ ဖြစ်ပေါ်လာခဲ့တယ်။ ပျောက်ဆုံးမိခင်ရဲ့ Post မှာ တစ်ယောက်ပြောပြထားတာဆိုရင် ရင်နာစရာပါ။

ရွာဘက်မှာ လူငယ်လေးတွေကို မန္ဆလေးကနေ ဆေးသုတ်ဖို့ဆိုပြီး လာခေါ်သွားတယ်။ စစ်တပ်ထဲ စစ်မှုထမ်း ရောင်းစားခံလိုက်ရတယ်။ မိဘတွေဆီကိုလည်း ဖုန်းဆက်ပြီး ပိုက်ဆံပေးရင် လွှတ်ပေးမယ်ဆိုလို့ မိဘတွေခမျာ ရှိသမျှ အိမ်တွေဝိုင်းတွေ ရောင်းချပေးလိုက်ကြတာ။ သို့ပေမဲ့ ပိုက်ဆံတွေသာ ပေးလိုက်ရပေမဲ့ လူတွေကတော့ ပြန်ရောက်မလာတော့ဘူးတဲ့။

စစ်မှုထမ်းနဲ့ပတ်သက်ပြီး တစ်တိုင်းပြည်လုံးက မိခင်တွေ သောကတွေ ဘယ်လောက်ရောက်ရောက်၊ မျက်ရည်တွေဘယ်လောက်ကျကျ အာဏာသိမ်း စစ်တပ်ကတော့ အဓမ္မစစ်မှုထမ်းခိုင်းလို့ ကောင်းတုန်းပါ။

အာဏာသိမ်းစစ်တပ်က တရုတ်အကူအညီနဲ့ ရှမ်းပြည်နယ်​မြောက်ပိုင်းက မြို့တချို့ပြန်​တောင်းရခဲ့သလို ၊တရုတ်-ရုရှား-အိန္ဒိယတို့ရဲ့ စစ်​ရေး၊သံတမာန်​ရေး၊ဘဏ္ဍာ​ရေး အကူအညီ​

တွေ လက်နက်နဲ့နည်းပညာအကူအညီ​တွေနဲ့ စစ်မှုထမ်းဥပ​ဒေကိုအဓမ္မပြဌာန်းပြီး ၂၀၂၄ ​ဖေ​ဖော်ဝါရီကစကာလူငယ်​တွေ ဖိအား​ပေးစစ်မှုထမ်းခိုင်းလို့ရတဲ့ စစ်သားသစ်အင်အားနဲ့ ဆုံးရှုံးနယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းဖို့ကြိုးစား​​နေပါတယ် ။မြို့​ပေါင်း ၂၀

ခန့်ပြန်ထိန်းချုပ်နိုင်​ပေမယ့် ရှမ်းပြည်နယ်​မြောက်ပိုင်းမှအပ နိုင်ငံတစ်ဝန်းခုခံမှု​ကောင်းတဲ​​ဒေသ​​တွေမှ ​တော်လှန်​ရေးအဖွဲ့​တွေက ခုခံစစ်၊တန်ပြန်ထိုးစစ် ဆင်နွှဲတာ​ကြောင့် စစ်တပ်ဟာ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှစစ်သား​တွေ​သေဆုံးတာ ၊ဒဏ်ရာရတာ၊ထွက်​ပြေးတာ ၊အလင်းဝင်တာလည်းများ​နေပါတယ်။

ဒါ့​ကြောင့် စစ်တပ် အခုနှစ်ဆန်းပိုင်းကစ စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာကို ရန်ကုန်လို ၊မိတ္ထီလာလိုမြို့​ စတဲ့မြို့တွေမှာပါ ​ပေါ်တာဆွဲတာကို အတင့်ရဲစွာလုပ်လာပါတယ်။ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်း-ကချင်ပြည်နယ်အစပ် ၊မ​ကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ရခိုင်နဲ့ဆက်စပ်​နေတဲ့ ဧရာဝတီ-ပဲခူး-မ​ကွေး ​ စတဲ့​​​ဒေသကတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေကိုအဓိကသုံးပြီး အခုလပိုင်းအတွင်းတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေ​သေဆုံး ဒဏ်ရာရတာ ထွက်​ပြေးတာ​​တွေအလွန်များ​နေတယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက​ပြောပါတယ်။ဒါ​ကြောင့်စစ်တပ်က ပြည်သူ့စစ်လို့​ခေါ်တဲ့ စစ်သားသစ်လိုအပ်ချက်ပိုများလာတာ​​ကြောင့် စစ်သားသစ်စု​ဆောင်းတာ ၊​ပေါ်တာဆွဲတာ​တွေကိုတိုးလုပ်လာပါတယ် ။ ဒီအ​ခြေအ​နေမှာ ပြည်သူ​တွေအ​နေနဲ့ လူငယ်​တွေကို စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်ပါးနပ်စွာ​နေကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေက နှိုး​ဆော်​​​​နေကြပါတယ် ။တဖက်မှာလည်း ပြည်သူ​တွေဟာ စစ်တပ်အာဏာသိမ်းပြီး​​နောက်ပိုင်း စားဝတ်​​နေ​ရေးပိုကြပ်တည်းလာတာ​ကြောင့် အလုပ် လုပ်​နေရင်း အ​ပေါ်က သားဖြစ်သူလို​ စစ်အုပ်စုရဲ့ ပေါ်တာဆွဲခံရတာ​ကြုံရပြန်ပါတယ် ။

လာမယ့် စက်တင်ဘာလမှာဆိုရင် အပတ်စဥ် (၂၈)ကို စဖို့ ကြိုးစားနေပါပြီ။ ရန်ကုန်က အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသအသီးသီးမှာလည်း ပေါ်တာဆွဲတာတွေ၊ အိမ်​ပေါ်တက်ဆွဲတာတွေကို စစ်အုပ်စုက အတင့်ရဲပြီးပိုလုပ်လာပါတယ် ။အသက်မပြည့်​သေးသူ​တွေ​ေ​ရော ၊အသက်ကြီးသူ​တွေကိုယ်ပါ ကိုယ်​ရေးအချက်အလက်နဲ့အသက်ကို ပြင်ပြီး ​ပေါ်တာဆွဲ​နေတာပါ ။ ဒါ့​ကြောင့် သားပျောက်မိခင်တွေလည်း များသထက်များလာခဲ့ပါပြီ။

မုံရွာအလုံက သားပျောက်မိခင်ကတော့ သားပြ​န်အလာကို ၆၂ လမ်းကနေ စောင့်နေတုန်းပါ။ “ကျမစောင့်နေပါတယ်။ သားကို အမြဲတမ်း မျှော်နေပါတယ်”လို့ မိခင်က ၆၂ လမ်းဘေးကနေ Tiktokကတဆင့် ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Facebook