Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်မှာ KIA စစ်ဆေးရေးဂိတ်က ပစ်ခတ်လို့ ယာဉ်မောင်း ၁ဦး ထိမှန်တဲ့အပေါ် ဒေသခံတွေ ဆန္ဒပြ၊ ဂိတ်တဲအချို့ကို ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Screenshot

ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၁၈ရက်မနက်က KIA စစ်ဆေးရေးဂိတ်ရှိ ရဲဘော်က ကား ၁စီးကိုရပ်တန့်ခိုင်းရာ ရပ်မပေးတာကြောင့် ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်လို့ ယာဉ်မောင်း ထိမှန်ခဲ့ရာ ဖြစ်စဉ်အပေါ် ဒေသခံတွေက ဆန္ဒပြပြီး ဂိတ်ကို ဖျက်ဆီးခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းတွေ ဖော်ပြတာ တွေ့ရပါတယ်။ ထိမှန်ခဲ့တဲ့ ယာဉ်မောင်းကို တရုတ်နိုင်ငံဘက်ခြမ်းကို ဆေးကုသဖို့ ပို့ဆောင်လိုက်တယ်လို့လည်း အသိပေးထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်က ဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်းနေတယ်လို့ သိရကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

“KIA ဂိတ်မှာ မရပ်ဘဲ ဖြတ်မောင်းသွားတာကို ရပ်တန့်ပေးဖို့ သတိပေး ပစ်ရာကနေ မတော်တဆ ထိမှန်သွားတာလို့ ကြားသိရပါတယ်။ ပြည်သူတွေက ဂိတ်စခန်း တဲအချို့လာရောက်ဖျက်ဆီးတာရှိပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA တောင်ပိုင်းတိုင်းကော်မတီက လိုအပ်ပါက တစုံတရာ ထုတ်ပြန်ရှင်းလင်းလာမယ်ယူဆကြောင်း ပြောပါတယ်။ ဒေသခံတွေရဲ့ သဘောထား အမြင်၊ မြေပြင် ဖြစ်စဉ်တွေကို KIAတောင်ပိုင်းတိုင်းကော်မတီက သေချာစုံစမ်းပြီး ထုတ်ပြန်ချက် ထုတ်သင့်​ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး KIA ​​ပြော​ရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး​နော်ဘူကို ဆက်သွယ်​မေးမြန်းဖို့ ကြိုးစား​ပေမယ့် ဆက်သွယ်လိူ့မရ​​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖိအားပေးတာတရားဝင်ပြောတာမရှိ၊ လတ်တလောအပြောင်းအလဲမရှိဂိတ်တွေဆက်ထိုင်ထားဟု KIA ပြော

Facebook