Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီစနစ်အမြန်ဆုံးပြန်သွားရေး မင်းအောင်လှိုင်ကို အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တောင်းဆိုခဲ့ဟုဆို

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် အရပ်ဘက်အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ဒီမိုကရေစီစနစ်ဆီအမြန်ဆုံးပြန်သွားရေးအလေးပေးတောင်းဆိုခဲ့ကြောင်း နယူးဒေလီအခြေစိုက် NDTV သတင်းဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံသို့နှစ်ရက်ကြာရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla သည် မင်းအောင်လှိုင်အပါအဝင် အခြားသောကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် အိန္ဒိယ၏ လုံခြုံရေးနှင့်ဆက်စပ်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နယူးဒေလီ၏ အကျိုးစီးပွားမှာ မြန်မာ့ဒီမိုကရေစီကို အမြန်ဆုံးပြန်လည် မြင်တွေ့လိုကြောင်း အလေးပေးပြောကြားခဲ့သည် ဟုဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် အရပ်ဘက်အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ထို့အပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ထိန်းသိမ်းထားသူများနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် အကြမ်းဖက်မှုအားလုံးကို အလုံးစုံရပ်ဆိုင်း ရေးတို့ကို တောင်းဆိုခဲ့ကြောင်း ယင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အိန္ဒိယသည် မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ၏ဦးဆောင်မှုကို ခိုင်မာစွာ၊ အပြောင်းအလဲမရှိ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အာဆီယံသဘောတူညီချက် ၅ ရပ်ကို အခြေခံကာ လက်တွေ့တကျ အပြုသဘော ဆောင်သောနည်းလမ်းဖြင့် တိုးတက်မှုဖော်ဆောင်နိုင်မည်ဟု မျှော် လင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းရန် လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောကြားသည်။

သို့သော် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုပေးသည့် ခရီးစဉ်အဖြစ်ရှုမြင်ကြောင်းနှင့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီကို ကူညီထောက်ပံ့မှုများ ချက်ချင်းရပ်တန့်ရန် အိန္ဒိယအစိုးရကိုတောင်းဆိုကြောင်း အရပ်ဘက်အဖွဲ့အစည်းနှစ်ခုက ယနေ့ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အိန္ဒိယသံရုံး

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook