Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီစနစ်အမြန်ဆုံးပြန်သွားရေး မင်းအောင်လှိုင်ကို အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တောင်းဆိုခဲ့ဟုဆို

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် အရပ်ဘက်အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ဒီမိုကရေစီစနစ်ဆီအမြန်ဆုံးပြန်သွားရေးအလေးပေးတောင်းဆိုခဲ့ကြောင်း နယူးဒေလီအခြေစိုက် NDTV သတင်းဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံသို့နှစ်ရက်ကြာရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla သည် မင်းအောင်လှိုင်အပါအဝင် အခြားသောကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် အိန္ဒိယ၏ လုံခြုံရေးနှင့်ဆက်စပ်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နယူးဒေလီ၏ အကျိုးစီးပွားမှာ မြန်မာ့ဒီမိုကရေစီကို အမြန်ဆုံးပြန်လည် မြင်တွေ့လိုကြောင်း အလေးပေးပြောကြားခဲ့သည် ဟုဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် အရပ်ဘက်အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ထို့အပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ထိန်းသိမ်းထားသူများနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် အကြမ်းဖက်မှုအားလုံးကို အလုံးစုံရပ်ဆိုင်း ရေးတို့ကို တောင်းဆိုခဲ့ကြောင်း ယင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အိန္ဒိယသည် မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ၏ဦးဆောင်မှုကို ခိုင်မာစွာ၊ အပြောင်းအလဲမရှိ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အာဆီယံသဘောတူညီချက် ၅ ရပ်ကို အခြေခံကာ လက်တွေ့တကျ အပြုသဘော ဆောင်သောနည်းလမ်းဖြင့် တိုးတက်မှုဖော်ဆောင်နိုင်မည်ဟု မျှော် လင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းရန် လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောကြားသည်။

သို့သော် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုပေးသည့် ခရီးစဉ်အဖြစ်ရှုမြင်ကြောင်းနှင့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီကို ကူညီထောက်ပံ့မှုများ ချက်ချင်းရပ်တန့်ရန် အိန္ဒိယအစိုးရကိုတောင်းဆိုကြောင်း အရပ်ဘက်အဖွဲ့အစည်းနှစ်ခုက ယနေ့ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အိန္ဒိယသံရုံး

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။