Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာရှမ်းတဲလေတပ်အတွင်းစစ်တပ်လေယာဥ်၁စီးပျက်ကျပြီးဗိုလ်၁ဦးသေ၊ ဗိုလ်မှူး ၁ဦးဒဏ်ရာရ

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စစ်တပ်ရဲ့ ရှမ်းတဲလေတပ်စခန်းက အမောင်းသင် လေယာဥ် ၁စီး ပျက်ကျပြီး အမောင်းသင်ဗိုလ် သေဆုံးပြီးနည်းပြဗိုလ်မှူးဒဏ်ရာရခဲ့တယ်လို့လေတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

သြဂုတ် ၂၃၊ ၂၀၂၆။မေရီ၊​ဇော်ရမ်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စစ်တပ်ရဲ့ ရှမ်းတဲလေတပ်စခန်းက အမောင်းသင် လေယာဥ် ၁စီး ပျက်ကျပြီး အမောင်းသင်ဗိုလ် သေဆုံးပြီးနည်းပြဗိုလ်မှူးဒဏ်ရာရခဲ့တယ်လို့လေတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

သြဂုတ် ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ ရှမ်းတဲလေတပ်စခန်းကနေ အမောင်းသင်လေယာဥ်တစ်စီးဟာ ပျံသန်းပြီးနောက် စခန်းပြန်ဝင်ချိန် ပျက်ကျခဲ့တာဖြစ်ကြောင်း လေတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ရှမ်းတဲအဆင်းတပ်ထဲမှာပျက်ကျတာ။ ဗိုလ်ကသေတယ်။ဗိုလ်မှူးက ဒဏ်ရာရတယ်။”လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှမ်းတဲလေတပ်စခန်းကပေါက်ကွဲသံကို ကြားလိုက်ရတယ်လို့ ဒေသခံအချို့ကလည်း ပြောပါတယ်။

“ရှမ်းတဲဖက်မယ် ပေါက်ကွဲသံ ကြားရတယ်လို့တော့ အထဲက လူက သတင်းတော့ ပြောတယ်။ သာမန်ပဲ ထင်တာ။”လို့ မိတ္ထီလာမြို့ခံတစ်ဦးက ပြော​ပါတယ်။

လူထုနွေဦးရဲ့ နေပြည်တော်သတင်းရင်းမြစ်တဦးကလည်း ” ဖြစ်တာက မှန်တယ်။စဖြစ်ကတည်းကကြားတယ်။တပ်ကဖုံးဖိထားတာ။ မအလ .နဲ့ ရဲဝင်းဦး ပြည်ပခရီးစဉ်သွားနေချိန်ဆိုတော့ သတင်းကို မထွက်အောင် ဖုံးတာနေမယ်”လို့ ပြောပါတယ်။

လေယာဥ်ပျက်ကျတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ၂ ရက်ကြာတဲ့အထိ အာဏာသိမ်းစစ်တ​ပ်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ပျက်ကျတဲ့ လေယာဉ်ဟာ K-8w အမျိုးအစားဖြစ်တယ်လို့ စုံစမ်းသိရပေမယ့် People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၃ရက်ကလည်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စင်း ငှက်နဲ့တိုက်မိပြီး မှော်ဘီမြို့၊ ညောင်နှစ်ပင် ကျေးရွာအနီးမှာ ပျက်ကျခဲ့ပါသေးတယ်။

People’s Spring စု​ဆောင်းထားတဲ့အချက် အလက်​တွေအရ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်​လေယာဥ်​တွေအပါအဝင် ​လေယာဥ်မျိုးစုံ နဲ့ ရဟတ်ယာဥ် အစီး​ရေ အနည်းဆုံး ၁၄ စီးပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်အ​ကြောင်းအမျိုးမျိုး​ကြောင့်ပျက်ကျတဲ့ ​စစ်တပ်လေယာဥ် ၊ရဟတ်ယာဥ် အနည်းဆုံး ၁၀ စီးရှိ​နေပြီဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတ၀န်းသေဆုံးတဲ့ ပြည်သူ ၆,၀၀၀ နီးပါး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး မြန်မာ-တရုတ်နယ်စပ်တလျှောက် အပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၃ရက်မှာ ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ် ပျံဝဲခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook