Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ​တပ် လေး​ကေ့​​ကော်ကို​​ လေယာဥ်ဖြင့်ဗုံးကြဲပစ်ခတ်

“​လေး​ကေ့​ကော်နယ်​မြေကို ယ​နေ့ည စကစ ​လေယာဥ်နဲ့ဗုံးနှစ်လုံးလာကျဲ ၊လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်​နေ ၊ထိခိုက်မှု မသိရ​သေး”ဟု စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေ​သောထိုင်းနိုင်ငံအ​ခြေစိုက် AAC (မဟာမိတ်)အဖွဲ့မှ ကိုရဲမင်းကလည်း ​ရေးသားအသိ​ပေးထားသည်။

(ဓါတ်ပုံ-စစ်​ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ မတ် ၂၇ ပြုလုပ်​သောစစ်​ရေးပြအခမ်းအနားတွင် ဂျက်ဖိုက်တာ​​လေယာဥ်များပျံသန်းပြ​နေစဥ်)

အကြမ်းဖက်စစ်​ကောင်စီက ကရင်ပြည်နယ်ရှိ လေးကေ့ကော် ​ဒေသကို ယနေ့(ဒီဇင်ဘာ၂၃) ည၁၀ နာရီခွဲ ဝန်းကျင်တွင်​​လေယာဥ်ဖြင့်လာ​ရောက်၍ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်​နေ​ကြောင်း သတင်းရရှိသည်။

“လေးကေ့ကော်ကို လေယာဉ် ဗုံးစကြဲပြီ။အောက်တန်းစားအကွက်လာပြီ”ဟု လွတ်​မြောက်နယ်​မြေ​ရောက် အဆို​တော်နိုဗန်ထူးက သူ၏​ ဖေ့စ်ဘွတ်ခ်တွင်​ရေးသားထားသည်။

“​လေး​ကေ့​ကော်နယ်​မြေကို ယ​နေ့ည စကစ ​လေယာဥ်နဲ့ဗုံးနှစ်လုံးလာကျဲ ၊လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်​နေ ၊ထိခိုက်မှု မသိရ​သေး”ဟု စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေ​သောထိုင်းနိုင်ငံအ​ခြေစိုက် AAC (မဟာမိတ်)အဖွဲ့မှ ကိုရဲမင်းကလည်း ​ရေးသားအသိ​ပေးထားသည်။

“အိမ်တံခါး​တွေပါလှုပ်ပြီး အိမ်ပါတုန်တယ်။ ပစ်​နေကြပြီ​လေယာဥ်သံ​တွေလည်းဆူညံလို့ ” ဟု ​ဒေသခံ တစ်ဦးကလည်း​ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ ကြဲချ​သောဗုံးမှာ ​လေး​ကေ့​ကော်မြို့သစ် ဘက်သို့မဟုတ်ဘဲ စစ်​ကောင်စီတပ်အထိနာထား​သော မယ်​ထော်သ​လေးအနီးဖြစ်​ကြောင်းလည်း ​ဒေသခံအချို့ကပြောသည်။ ​လေယာဥ်​ပေါ်မှ ဗုံးဖြင့်ကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကို ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်​သော မဲ​ဆောက်မြို့ကပင်ကြားရ​ကြောင်းလည်း မဲ​ဆောက်မြို့​ရောက်ရှိ​နေသူအချို့က​ ပြောသည်။

​လေး​ကေ့​ကော်မြို့သစ်တွင် စစ်​ကောင်စီတပ်က ကျူး​ကျော်ဝင်​ရောက်၍ မြို့သစ်တွင် ခိုလှုံ​နေ​သော ဒီချုပ်အမတ် ၂ ဦးအပါအဝင် CDM ဝန်ထမ်းများကို ဒီဇင်ဘာ ၁၄ ရက်တွင်အင်အားသုံးဖမ်းဆီးခဲ့ပြီး​​နောက် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ​လေး​ကေ့​ကော်​ဒေသတွင် စစ်​ကောင်စီတပ် နှင့် KNU/KNLA၊ PDF ပူး​ပေါင်းအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်အထိနာ​နေသည်။

KNUက အကြမ်းဖက်စစ်​ကောင်စီအ​နေဖြင့်အထိနာလာလျှင်​ လေယာဥ်အသုံးပြုတိုက်ခိုက်​လေ့ရှိသဖြင့် ပြည်သူများထိ့ခိုက်မှု မရှိ​စေရန် ​​​​လေး​​ကေ့​ကော်မြို့သစ်တွင်​လေယာဥ်မပျံသန်းရဇုန်သတ်မှတ်​​ပေးရန် ကမ္ဘာကုလသမဂ္ဂကိုတိုက်တွန်း​တောင်းဆိုထားသည်။

ထပ်မံရရှိ​သောသတင်းများအရ လက်နက်ကြီးဖြင့် အဆက်အပျက်ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ​သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း ကိုရဲမင်းကဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

ဆောင်းပါး

Scorpio/People’s Spring အုံ့မှိုင်းနေတဲ့ မိုးသားတွေရဲ့အောက်မှာ မိုးကုတ်မြို့ကလေးဟာ ငြိမ်သက်နေတယ်။ နေ့လယ်နေ့ခင်းဖြစ်ပေမယ့် လမ်းပေါ်မှာ ယာဥ်သွားယာဥ်လာလည်းမရှိ ကင်းရှင်းတိတ်ဆိတ်နေတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်ဆက်ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် ဘာဆိုင်မှလည်း မဖွင့်ကြတော့ဘဲ လူသွားလူလာ ကင်းမဲ့နေတာပါ။ စစ်ကောင်စီရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငွေကြေးတက်နိုင်သူတချို့ကတော့ မန္တလေးမြို့ဆီ သွားရှောင်ကြပြီလို့ ဒေသခံတွေက ပြောတယ်။...

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။