Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ အိမ်စီးကားနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေ

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

(ရန်ကုန်မြို့ တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ဩဂုတ်-၂၆၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

“စစ်မှုထမ်းသင်တန်းသစ် စတော့မှာမို့ ထင်တယ်၊လိုက်ဆွဲတာတွေ တဖြည်းဖြည်းနဲ့ ပြန်များလာပါတယ်”လို့ RSNရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၂၆ရက်မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် မောင်းမကန်ကမ်းသာယာလမ်းပေါ်မှာသတ်လတ်ပိုင်းအမျိုးသားနှစ်ဦးကို ပရို​ဘောက်စ် ကားနဲ့ အရပ်ဝတ်သုံးဦးက ကားပေါ်ကို ဆွဲတင်ပြီး ဖမ်းဆီးသွားတယ်လို့ RSN က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ဩဂုတ် ၂၄ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမပေါ်မှာ ပိုက်ဆံထောင်ပစ်နေတဲ့ လူငယ်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လူငယ်တဦးဖမ်းဆီးခံရတယ် လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောကြားမှုကို RSN က ဖော်ပြထားပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၁ ရက်ကလည်းအင်းစိန်မြိုနယ် ရွာမအနောက်ရပ်ကွက် ပုလဲလမ်းထဲမှာ လူငယ်နှစ်ဦးကို ကားတစ်စီးနဲ့လူတစ်စုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အလားတူ ကမာရွတ်မြို့နယ်မှာလည်း ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီလောက်မှာ လှည်းတန်းလမ်းဆုံအနီး ရဲကားတစ်စီးက လူငယ်နှစ်ဦးကို အဓမ္မဖမ်းဆီးသွားတာတွေ့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လှည်းတန်းလမ်းဆုံ ပြည်လမ်းမဘက်ခြမ်း မီးပွိုင့်ထိပ်မှာ ရဲကားက ရုတ်တရက်ရပ်သွားပြီး လူငယ်နှစ်ယောက်ကိုဆွဲတင်သွားတာ။ ” လို့ မျက်မြင်တွေ့ခဲ့သူတဦးကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေတိုင်းမှာလည်း စစ်မှူထမ်းအတွက်စုဆောင်းတာတွေက ပုံမှန်ရှိနေပြီး ရပ်ကွက်တစ်ခုကို လူအရေအတွက် ဆယ်ဂဏန်း ပို့ပေးရတယ်လို့ လှိုင်မြိုနယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်ရှိ ကွန်ဒို​တွေ ၊တိုက်​တွေကိုလည်း စစ်မှုထမ်း​ကြေး​ဆိုပြီး စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေက လစဥ်​ကောက်ခံ​နေတယ်လို့​​​ဒေသခံ​တွေက ​​ပြောပါတယ် ။

အရပ်ဝတ်တွေနဲ့ လူလိုက်လံဖမ်းဆီးတာဟာ စစ်တပ်ကလည်း ပြုလုပ်နေသလို စစ်တပ်က မွေးထားတဲ့ ပျူစောထီးတွေကလည်း လူဖမ်းပြီးစစ်မှုထမ်းအဖြစ်ရောင်းစားဖို့လိုက်လံဖမ်းဆီးနေတာလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေအခုကတည်းကလုပ်နေပါတယ်။

စစ်တပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်သားသစ်​​တွေကိုအဓိကအသုံးပြု​​နေပြီး တိုက်ပွဲ​တွေမှာ​သေဆုံး ၊ဒဏ်ရာရသူ၊ထွက်​ပြေးသူ ၊အလင်းဝင်သူ များ​နေတဲ့အတွက် စစ်သားသစ်​တွေရ​ဖို့ ပေါ်တာဆွဲတာ၊စစ်မှုထမ်းဥပ​ဒေသုံးပြီး စစ်သားသစ် အဓမ္မစု​ဆောင်းတာ​တွေဆက်တိုက်လုပ်​နေပါတယ် ။ဒါ​ကြောင့် ​ပေါ်တာဆွဲမခံရ​အောင် ၊စစ်သားသစ်စု​ဆောင်းမခံရ​အောင် ပြည်သူ​​တွေ သတိထား​နေထိုင်ဖို့တော်လှန်​ရေးအင်အားစု​​တွေက သတိ​ပေးထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

သတင်း

မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၇) မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ အသက် ၄၀ ကျော်အရွယ် စစ်ရှောင်အမျိုးသား ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံတွေက ပြော​ပါတယ်။