သြဂုတ် ၃၀၊၂၀၂၆။သုည/People’s Spring
သြစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီကနေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံက ရေးဘေးသင့် ပြည်သူတွေအတွက် ရန်ပုံငွေ ဈေးရောင်းပွဲကို ဒီကနေ့ မွန်းလွဲ ၂ နာရီမှ ၆ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။
ရေဘေးရန်ပုံငွေ ဈေးရောင်းပွဲမှာ မြန်မာ့ရိုးရာ အစားအစာတွေ၊ အဝတ်အထည်တွေ၊ ပန်းချီကားတွေကို ရောင်းချခဲ့ကြပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Public Service Announcement
တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာလည်း မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာ ပူးပေါင်း ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒပြပွဲကို အူလ်ဆန်မြို့ နဲ့ ဂယောင်ဂျူးမြို့တို့မှ တော်လှန်ရေး တက်ကြွလုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မတရား ဖမ်းဆီးအကျဉ်းချခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ပြည်တွင်းနဲ့ပြည်ပ ဝိုင်းဝန်းတောင်းဆိုကြဖို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဒယ်ဂူးဘုန်းဘုန်းက တိုက်တွန်းခဲ့ပါတယ်။


















































