Connect with us

Hi, what are you looking for?

သတင်း

မုံရွာ မီးလောင်မှု အဘိုးအို ၁ဦး သေဆုံး

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဥ်။ ဓာတ်ပုံံ-မီးသတ်)

သြဂုတ်၃၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ည ၁၁နာရီခန့်က မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံအချို့က ပြောပါတယ်။

“အဘိုးကတော့ တစ်ကိုယ်လုံးနီးပါး လောင်သွားတယ်ပြောတယ်။ မီးလောင်ပေမယ့် ထွက်မကြည့်ရဲဘူး။ မုံရွာအခြေအနေကဆိုးနေတော့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါမီးလောင်ကျွမ်းမှုဟာ နေအိမ်တစ်အိမ်က ဆိုလာစနစ်နဲ့ အသုံးပြုတဲ့ ဘက်ထရီ အပူလွန်ကဲရာကနေ ဖြစ်ပွားခဲ့တာလို့ မီးသတ်က ဆိုပါတယ်။ အဲဒီမီးလောင်မှုကြောင့် နေအိမ် ၃ လုံးပျက်စီးပြီး မိသားစုဝင်တွေ လက်တလောနေထိုင်စားသောက်ရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ ကုန်မာ ပစ္စည်းတွေ အဓိက ရောင်းချရာ စျေးတစ်ခုမှာ မီးလောင်မှု ဖြစ်ပြီး စျေးအဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ ကမ်းလွန်ရေပြင်မှာ ရေနံတင် သင်္ဘောတစ်စီး မီးလောင်ပြီး သင်္ဘောသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။