Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒပြ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Myanmar Unity Movement

စက်တင်ဘာ ၁၊၂၀၂၆။သုည/People’s Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို လန်ဒန်မြို့အခြေစိုက် Myanmar Unity Movement က ဦးဆောင်ပြီး ဓနသဟာယနိုင်ငံများဆိုင်ရာရုံးရှေ့၊ တရုတ်သံရုံးရှေ့နဲ့ စစ်ကောင်စီ သံရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

သပိတ်စစ်ကြောင်းရဲ့ ပထမနေရာဖြစ်တဲ့ FCDO (Foreign, Commonwealth & Development Office) (ဓနသဟာယနိုင်ငံများဆိုင်ရာရုံး) ရှေ့မှာ ပါလက်စတိုင်းအရေးအတွက် အရေးပေါ်ဆန္ဒပြသူတွေနဲ့ တိုက်ဆိုင်နေတာကြောင့် အသံတိတ်ဆန္ဒထုတ်ဖော်ခြင်းကိုသာ ပြုလုပ်ခဲ့​ကြောင်း MUM အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ရောက်မြန်မာတွေက “ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ပေး” ၊ “ငါတို့အမေ ငါတို့ပြန်ပေး” ၊ “စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရမည်”၊ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မုချ ပေါ်ပေါက်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်နဲ့ တရားမဝင်အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အာဆီယံရဲ့ အချက် (၅) ချက် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးကို အားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

Facebook