Connect with us

Hi, what are you looking for?

သတင်း

ထမ္မကြီးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ ပြည်သူ့စစ်တွေလို့ မလှိုင်တပ်ဖွဲ့ပြော

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

(မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရတဲ့ ပြည်သူ့စစ် ၁၂ ဦး။ ဓာတ်ပုံ − CJ)

စက်တင်ဘာ ၁၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး ၎င်းတို့ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၃၁ ရက် မနေ့က ထမ္မကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး၂ ဦး စုစုပေါင်း ၁၂ ဦး သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။

” အဲ့ဒီဖြစ်စဉ်အပေါ်မှာ စစ်တပ်လော်ဘီတွေကစပြီး အရပ်သားပြည်သူတွေပဲ အသတ်ခံရသလိုလို စပြီး ဝါဒဖြန့်တဲ့အပေါ် အားလုံးက စိတ်ဝင်တစားဖြစ်သွားတဲ့ သတင်းဖြစ်ပေမဲ့ အမှန်တကယ်လေ့လာကြည့်တဲ့အခါမှာ စစ်တပ်ကဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ကို တော်လှန်ရေးအင်အားစုတွေက စစ်ရေးပစ်မှတ်အဖြစ်ရှင်းလင်းတာသာဖြစ်တယ် လို့ သိရပါတယ်။သူတို့ကို စစ်တပ်က ပြည်သူ့စစ် (စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံ‌ရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်း‌ရေးအဖွဲ့လို့သုံး)အဖြစ် လွန်ခဲ့တဲ့(၇)လလောက်ကတည်းကဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့ သိရပါတယ်”လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်က ပြည်သူ့စစ်(စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံ‌ရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်း‌ရေးအဖွဲ့)အဖြစ် လွန်ခဲ့တဲ့ (၇)လလောက်ကတည်းက ဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့လည်း ဆိုပါတယ်။

” သူတို့အဖွဲ့မှာလည်း စစ်တပ်ကပေးထားတဲ့ လက်နက်တွေရှိတာမို့လို့ တော်လှန်ရေးအင်အားစုတွေကအခွင့်အခါကို စောင့်ရင်း အခုမှဘဲ ရှင်းလင်းနိုင်တာလို့ သိရပါတယ်။ ရှင်းလင်းခံရတဲ့သူတွေက စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦး တို့ဖြစ်တယ်လို့လည်း သိရပါတယ်။နောက်ဆက်တွဲ အနေနဲ့ အဲ့ဒီရွာဘက်ကိုအမြန်လမ်းဘက်ကကော၊ မလှိုင်မြို့ဘက်ကပါ စစ်ကြောင်းတွေဝင်ရောက်လာကြောင်းလည်း သိရပါတယ်”လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းတွေက ထမ္မကြီးရွာကနေတဆင့် မလှိုင် − မိတ္ထီလာနယ်စပ်တလျှောက်မှာလှည့်လည်စစ်ကြောင်းထိုးနေပြီး လက်တလောမှာ ဆည်တိုကျေးရွာကို ရောက်ရှိနေပြီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

” အဲ့ဒီရွာမှာ စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦးကို တော်လှန်ရေးအင်အားစုတွေဘက်က ရှင်းလင်းသွားတာလို့ သိရပါတယ်”လို့ Guardians Of Mahlaing အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရှင်းလင်းခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မိတ္ထီလာခရိုင်မှာ စစ်တပ်နဲ့အတူပေါ်တာဆွဲတာ၊ ဂိတ်ချငွေတောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook