စက်တင်ဘာ ၁၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အသတ်ခံရသူ ၁၂ ဦးဟာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး ၎င်းတို့ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဩဂုတ် ၃၁ ရက် မနေ့က ထမ္မကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး၂ ဦး စုစုပေါင်း ၁၂ ဦး သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။
” အဲ့ဒီဖြစ်စဉ်အပေါ်မှာ စစ်တပ်လော်ဘီတွေကစပြီး အရပ်သားပြည်သူတွေပဲ အသတ်ခံရသလိုလို စပြီး ဝါဒဖြန့်တဲ့အပေါ် အားလုံးက စိတ်ဝင်တစားဖြစ်သွားတဲ့ သတင်းဖြစ်ပေမဲ့ အမှန်တကယ်လေ့လာကြည့်တဲ့အခါမှာ စစ်တပ်ကဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ကို တော်လှန်ရေးအင်အားစုတွေက စစ်ရေးပစ်မှတ်အဖြစ်ရှင်းလင်းတာသာဖြစ်တယ် လို့ သိရပါတယ်။သူတို့ကို စစ်တပ်က ပြည်သူ့စစ် (စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်းရေးအဖွဲ့လို့သုံး)အဖြစ် လွန်ခဲ့တဲ့(၇)လလောက်ကတည်းကဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့ သိရပါတယ်”လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်တပ်က ပြည်သူ့စစ်(စစ်တပ်သုံးတာကတော့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်အဖွဲ့နှိမ်နှင်းရေးအဖွဲ့)အဖြစ် လွန်ခဲ့တဲ့ (၇)လလောက်ကတည်းက ဖွဲ့စည်းခဲ့ပြီး လက်နက်ငယ်သင်တန်းလည်းပေးထားတယ်လို့လည်း ဆိုပါတယ်။
” သူတို့အဖွဲ့မှာလည်း စစ်တပ်ကပေးထားတဲ့ လက်နက်တွေရှိတာမို့လို့ တော်လှန်ရေးအင်အားစုတွေကအခွင့်အခါကို စောင့်ရင်း အခုမှဘဲ ရှင်းလင်းနိုင်တာလို့ သိရပါတယ်။ ရှင်းလင်းခံရတဲ့သူတွေက စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦး တို့ဖြစ်တယ်လို့လည်း သိရပါတယ်။နောက်ဆက်တွဲ အနေနဲ့ အဲ့ဒီရွာဘက်ကိုအမြန်လမ်းဘက်ကကော၊ မလှိုင်မြို့ဘက်ကပါ စစ်ကြောင်းတွေဝင်ရောက်လာကြောင်းလည်း သိရပါတယ်”လို့ Guardian of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းတွေက ထမ္မကြီးရွာကနေတဆင့် မလှိုင် − မိတ္ထီလာနယ်စပ်တလျှောက်မှာလှည့်လည်စစ်ကြောင်းထိုးနေပြီး လက်တလောမှာ ဆည်တိုကျေးရွာကို ရောက်ရှိနေပြီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။
” အဲ့ဒီရွာမှာ စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦးကို တော်လှန်ရေးအင်အားစုတွေဘက်က ရှင်းလင်းသွားတာလို့ သိရပါတယ်”လို့ Guardians Of Mahlaing အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရှင်းလင်းခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မိတ္ထီလာခရိုင်မှာ စစ်တပ်နဲ့အတူပေါ်တာဆွဲတာ၊ ဂိတ်ချငွေတောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

















































