စက်တင်ဘာ-၁၊၂၀၂၆။မိထက်/People’s Spring
ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။
ည၁၁နာရီ ၄မိနစ်ခန့်မှာလှုပ်ရှားသွားတာဖြစ်ပြီးလှိုင်၊ ကမာရွတ်နဲ့ စမ်း ချောင်းမြို့နယ်တွေမှာအထပ်မြင့်အဆောက်အအုံတွေ ငလျင်လှုပ်ရှားမှု ခံစားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။
အဆိုပါငလျင်ဟာဧရာဝတီတိုင်းဖျာပုံမြို့အနီးမှာ ရစ်ခ်တာစကေး ၃ဒသမ၄အဆင့် ရှိအင်အားအနည်းငယ်သာရှိတဲ့ မြေငလျင်ဖြစ်ပြီးမြေအောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြုလှုပ်ရှားခဲ့တာလို့ထိုင်းမိုးဇလဌာန(TMD)ကထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းမှာလှုပ်ရှားတဲ့ငလျင်တွေက ရန်ကုန်မြို့အထိသက်ရောက်စေပါတယ်။ရန်ကုန်မြို့မှာငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်မှု တွေ ရှိနေကြပါတယ်။
သြဂုတ်လ၂၃ရက်နေ့မနက်ကလည်း ပဲခူးမြို့အနီးမှာ လှုပ်ရှားသွားတဲ့ ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကြောင့်ရန်ကုန်မြို့မှာငလျင်လှုပ်ရှားခဲ့ပါတယ်။

















































