စက်တင်ဘာ-၄၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စက်တင်ဘာ ၂ ရက် မနက် ၉ နာရီ မိနစ် ၄၀ ခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို သွားမယ့်ယာဥ်တန်းကို စစ်ကိုင်းမြို့နယ်၊ ကုန်းရွာ ရေမြောင်းဘောင်ရှေ့ ကင်းစောင့်ပေးနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement
“ရဲတပ်ရင်း ၁၆ နဲ့အမှတ်၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းက လာတဲ့ကောင်တွေဗျ။ သေဆုံး ၃ ယောက်ထဲက တယောက်ကတစစီပဲ။ ခြေတခြား လက်တခြား ပြတ်ထွက်ပြီး သေဆုံးသွားတာ”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုဟာ သေဆုံးရဲအလောင်းတွေကို လာရောက်သယ်ယူချိန် မုံရွာ-မန္တလေးလမ်းကို လမ်းပိတ်လိုက်ပြီး ခရီးသွားတွေကိုပါ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ စစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုကိုတော့ People’s Spring က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း နမခကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီး လုံခြုံရေးယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

















































