စက်တင်ဘာ၅၊၂၀၂၆၊ကတ်သရင်း/ People’s Spring
မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်မြို့ကိုတက်သွားတဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့အနီးမှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒရုန်းတပ်သားတွေ အများဆုံး သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးတဲ့ ဒရုန်းတပ်ဖွဲ့တွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်အောင်ပြည့်ဖြိုး ၊တပ်ကြပ် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာ ကျောင်း(MCTI)၂၄က တပ်သား တွေအပါအဝင် မကြာခင်ကမှ မိတ္ထီလာဒရုန်းသင်တန်းက နေဆင်းထားတဲ့ ဒရုန်းတပ်သားအများအပြား သေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement
စင်းခန်းတံတားအနီး စစ်သင်္ဘောတွေကို KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်ချိန်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
“အရာရှိအလောင်းလည်းမရဘူးလို့ သိရတယ်။အိမ်ကပဲ သက်ပျောက်ဆွမ်းကပ်လိုက်ပြီ။ဒရုန်းတပ်ဖွဲ့ တွေလိုက်တဲ့ သင်္ဘောကအထိခိုက်အများဆုံးပဲလို့ သိရတယ်။နည်းပညာကျောင်းဆင်းနဲ့ DSA ဆင်းအရာရှိ တွေအကျပိုများတယ်”လို့ စစ်ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
ဒရုန်းတပ်သားတွေ သေဆုံးမှုများပြီးတဲ့နောက် စစ်အုပ်စုက မန္တလေးမြို့ကနေ သင်္ဘောတွေနဲ့ အင်အားထပ်ပို့ဖို့ပြုလုပ်နေတာလို့ သိရပါတယ်။
ဩဂုတ် ၂၁ရက်က မန္တလေးမြို့၊ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို စစ်သင်္ဘော ၁၇စီး ဆန်တက်ခဲ့ပြီး ရွှေကူမြို့အနီးမှာ KIA နဲ့PDFတွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး စက်တင်ဘာ၂ရက် နေ့မှ ရွှေကူမြို့ကနေ စစ်သင်္ဘော၆စီး ဆန်တက် နိုင်ခဲ့ပြီး စက်တင်ဘာ ၃ရက်မှာ ဗန်းမော် ဆိပ်ကမ်းကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။

















































