Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအတွက် ငွေကြေးအထောက်အပံ့ရသော ရွှေတူးဖော်မှုများဖယ်ရှားရန် ဝန်းသိုPDF အသိပေး

ဝန်းသိုဒေသသည် နေရာအနှံ့၌ ရွှေထွက်လေ့ရှိပြီး ကုမ္ပဏီများ ဝင်လာပြီးနောက်ပိုင်းတွင် အလွန်အကျွံ ရွှေထုတ်ယူမှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်ရှိချောင်းများအတွင်း စစ်ကောင်စီအတွက် ငွေကြေးအထောက်အပံ့ဖြစ်စေသည့် ရွှေတူးဖော်မှုများကို ဒီဇင်ဘာလ ၂၆ ရက် နောက်ဆုံးထားကာ အပြီးတိုင် ဖယ်ရှားရှင်းလင်းပေးရန် ဝန်းသို PDFက အသိပေးခဲ့သည်။

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်တွင် အသိပေးကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ချက်ချက်တွင် ဝန်းသိုမြို့နယ်အတွင်းရှိ ချောင်းများတွင် ဘတ်ဟိုးများဖြင့် လောဘတိုက်ပြီး ချောင်းကောစေကာ မိဘပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည့် စစ်ကောင်စီ၏ ထောက်တိုက်များကို ငွေကြေးထောက်ပံ့မှုများ လုံးဝရပ်တန့်သွားရန်နှင့် ယနေ့မှစ၍ ၃ ရက်အတွင်း ချောင်းများ၌ ရွှေတူးဖော်မှုများကို အပြီးတိုင်ရှင်းလင်းဖယ်ရှားပေးရန် ကြေညာခဲ့သည်။

ဝန်းသိုဒေသသည် နေရာအနှံ့၌ ရွှေထွက်လေ့ရှိပြီး ကုမ္ပဏီများ ဝင်လာပြီးနောက်ပိုင်းတွင် အလွန်အကျွံ ရွှေထုတ်ယူမှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ဒီဇင်ဘာလ ၂၆ ရက် ကုန်လွန်သွားသည့်တိုင်အောင် ဆက်လက်လုပ်ကိုင်နေသည်ကို တွေ့ရှိရပါကထိရောက်သည့် အရေးယူမှုအပြင် ဖြစ်ပေါ်လာမည့် အသက်အန္တရာယ်ထိခိုက်မှုများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ဝန်းသို PDFက အသိပေးတားမြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ဒီကြေညာချက်ကတော့ တော်တော့်ကို အကိုင်အတွယ်ခက်တဲ့ပြဿနာလို့ မြင်တယ်။ စကစ နဲ့ ထောက်တိုင်တွေအတွက် မျက်ခုံးလုပ်နေလိမ့်မယ်၊ လုပ်နေတဲ့သူတွေထဲမှာ နယ်ခံတွေပါဝင်တယ်လို့ သိရတယ်။ အခြားနယ်ကနေ အမြတ်ထုတ် ဂုတ်သွေးစုပ်သွားတဲ့ သူတွေတော့ အဓိကပေါ့၊ ချောင်းပျက်စီးလို့ အဓိက လည်စီးခံရမှာက တို့မြို့သား၊သူ တွေပဲ။ အခုလည်း စတင်ခံစားနေရပြီ။ PDF အနေနဲ့ လတ်တလောမှာ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်ဖို့ ကြိုးစားလာပြီဆိုတာ အချို့သောဖြစ်ရပ်များနဲ့ ဒီကြေငြာချက်က သက်သေထူနေတယ်လို့ မြင်တယ်” ဟုဝန်းသိုဒေသခံတစ်ဦးက ပြောသည်။

ဝန်းသိုမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။