Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအရှေ့ခြမ်းက စစ်စခန်းတွေ အရေး ပေါ်ပြန်ဆုတ်ပြီး မြို့တွင်းမှာစုဖွဲ့နေ

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

(မတ္တရာမြို့နယ်ကို ၂၀၂၅ ခုနှစ်မှာစစ်တပ်ကပြန်ထိန်းချုပ်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ )

စက်တင်ဘာ၉၊၂၀၂၆၊ကတ်သရင်း/ People’s Spring

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

စက်တင်ဘာလ ၉ ရက်မနက်ပိုင်း ကစပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ မြောင်းသစ်၊သဖန်းကိုင်းတံတား၊ကိုးလုံးပြွန်တံတား၊ကိန္ဒိရာ၊ ကျောက်ဆည်လေး၊ကင်းရွာတို့နဲ့မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းက မြွေပုံကန် အနီးဝန်းကျန်မှာ စစ်တပ် တပ်စွဲထားရာ​​နေရာတွေက​နေ တပ်ပြန်ဆုတ်တာ တွေရှိတယ်လို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

“ခါတိုင်းလိုမဟုတ်ဘူး။တော်တော်ကိုရုပ်ပျက်ဆင်းပျက်ကိုရုတ်သွားတာ။ မနက်၉နာရီလောက်က ဗျူဟာမှူးကနေ အကုန်ပြန်ရုတ်တာ”လို့ ဒေသတွင်း တော်လှန် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တချို့ကျေးရွာ တွေမှာ ဒေသခံရွာသားတွေကို စစ်သားအနည်းငယ်နဲ့အတူကင်း စောင့်ခိုင်းထားတယ်လို့ သိရပါတယ်။

ဒါ​ပေမယ့် မြေပြင်ကစစ်သား​တွေတပ် ရုတ်သိမ်းမှုမှာ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားတွေတော့ မပါဝင်ဘူးလို့ စုံစမ်းသိရပါတယ်။

“တနေရာကို အင်အားပို့မယ့်အနေအထားတော့ရှိတယ်။လက်ရှိအချိန်အထိတော့ မြို့တွင်းမှာပဲရှိနေတုန်းပဲလို့သိရတယ်”လို့ တော်လှန်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ၁၃ ရက်​နေ့၊မနက်၃နာရီခွဲအချိန်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့က စစ်စခန်း တွေကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီး စစ်သား၆ဦးထက်မနည်းသေဆုံးကာ စစ်သားအချို့ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။