စက်တင်ဘာ၉၊၂၀၂၆၊ကတ်သရင်း/ People’s Spring
မတ္တရာမြို့နယ်အရှေ့ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာနေရာ အများစုကနေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။
စက်တင်ဘာလ ၉ ရက်မနက်ပိုင်း ကစပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ မြောင်းသစ်၊သဖန်းကိုင်းတံတား၊ကိုးလုံးပြွန်တံတား၊ကိန္ဒိရာ၊ ကျောက်ဆည်လေး၊ကင်းရွာတို့နဲ့မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းက မြွေပုံကန် အနီးဝန်းကျန်မှာ စစ်တပ် တပ်စွဲထားရာနေရာတွေကနေ တပ်ပြန်ဆုတ်တာ တွေရှိတယ်လို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။
“ခါတိုင်းလိုမဟုတ်ဘူး။တော်တော်ကိုရုပ်ပျက်ဆင်းပျက်ကိုရုတ်သွားတာ။ မနက်၉နာရီလောက်က ဗျူဟာမှူးကနေ အကုန်ပြန်ရုတ်တာ”လို့ ဒေသတွင်း တော်လှန် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တချို့ကျေးရွာ တွေမှာ ဒေသခံရွာသားတွေကို စစ်သားအနည်းငယ်နဲ့အတူကင်း စောင့်ခိုင်းထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် မြေပြင်ကစစ်သားတွေတပ် ရုတ်သိမ်းမှုမှာ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားတွေတော့ မပါဝင်ဘူးလို့ စုံစမ်းသိရပါတယ်။
“တနေရာကို အင်အားပို့မယ့်အနေအထားတော့ရှိတယ်။လက်ရှိအချိန်အထိတော့ မြို့တွင်းမှာပဲရှိနေတုန်းပဲလို့သိရတယ်”လို့ တော်လှန်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ၁၃ ရက်နေ့၊မနက်၃နာရီခွဲအချိန်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့က စစ်စခန်း တွေကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီး စစ်သား၆ဦးထက်မနည်းသေဆုံးကာ စစ်သားအချို့ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ပါတယ်။

















































