Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဗြိတိန်ရောက်မြန်မာတွေပြုလုပ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Myanmar Unity Movement

စက်တင်ဘာ-၉၊၂၀၂၆။သုည/People’s Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို လန်ဒန်မြို့အခြေစိုက် မြန်မာစစ်အာဏာရှင် သံရုံး၊ ထိုင်းသံရုံးနဲ့ ဗီယက်နမ်သံရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ပြီး Myanmar Unity Movement က ဦးဆောင်ကာ ​ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြမြန်မာတွေက ထိုင်းအစိုးရအနေနဲ့ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှု၊ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားမှုကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အာဆီယံရဲ့ အချက် (၅) ချက် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးကို အားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် “တရားမဝင်သော စစ်အရေခြုံကို မပူးပေါင်း မထောက်ခံရေး တို့အရေး တို့အရေး” ၊ “ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ပေး” ၊ “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေး” ၊ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး” ၊ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။