စက်တင်ဘာ-၁၀၊၂၀၂၆။တာရာ၊ရောင်နီ/People’s Spring
ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၉ ရက်ညဦးပိိုင်းမှာကားတစ်စီးနဲ့ လူတစ်စုကမစင်ထုပ်တွေကို လမ်းမပေါ်တွေမှာ ပစ်ချသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
အဆိုပါမစင်ထုပ်တွေကို ညဘက်လမ်းသွားလမ်းလာကားတွေက တတ်ကြိတ်မိတာကြောင့် အနံ့အသက်ဆိုးတွေကို ပတ်ဝန်းကျင်မှာပျံ့နှံ့သွားပါတယ်။

Public Service Announcement
“ဒီလိုလုပ်ရပ်လုပ်တာဟာလူတွေမဟုတ်ဘူး။ ခွေးတွေ။ ဘယ်လောက်ဆိုးတဲ့အခြေအနေလဲ။ မနေ့ကနေလို့တောင်မရဘူး။ နံစော်နေတာ။ပရဟိတကအသင်းကားတွေနဲ့လိုက်ဆေးပေးတာ။တခြားမြို့နယ်ကအသင်းကားတွေလည်းလာတယ်။ဒီလုပ်ရပ်ကအရမ်းကိုမိုက်ရိုင်းလွန်းတယ်”လို့ပုဇွန်တောင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ မစင်တွေကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးခဲ့ကြရပါတယ်။
“ရည်ရွယ်ချက်ရှိရှိလား၊မတော်တဆလားမစင်ထုပ်များလမ်းမပေါ် ချသွားတယ်။ကားတွေကတက်နင်းတက်ကြိတ်သွားတော့ လမ်းမပေါ် ပြန့်ကြဲနေရောပဲ။ပတ်ဝန်းကျင်တခုလုံး နံ့စော်ပြီ ညစ်ပတ်နေလို့အသင်းမှ ရေဘောက်ဆာဖြင့်ထွက်ခွါကူညီ”လို့ ကိုပူတူးနှင့်ဘော်ဒါများကရဟိတအဖွဲ့ကတာဝန်ရှိသူကလည်းဖေစ်ဘွခ်မှာရေးသားထားပါတယ် ။
ဘောက်ဆာနဲ့ရေဖြန်းပေးချိန်မှာလမ်းထဲကို ရေထဲဝင်မှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရပ်ကွက်ဥက္ကဌကလာရောက်တားမြစ်တာလည်း ကြုံခဲ့ရတယ်လို့သိရပါတယ်။
အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ အညစ်အကြေးထုတ်တွေစွန့်ပစ်တာကအလွန်ယုတ်ညံ့တဲ့ အလုပ်ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေ အနေနဲ့ လုပ်သူကို ရှာဖွေ အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ CCTV ကနေ ဘယ်သူတွေလုပ်တယ်ဆိုတာ ရှာဖွေသင့်တယ်လို့လည်းရေးသားနေကြပါတယ်။
ဒါ့အပြင် ဝမ်းရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ ဒီလိုလုပ်ရပ်ကို လုပ်ဆောင်တာက ရောဂါပိုးပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ဒါကြောင့် စည်ပင်အနေနဲ့ အဲဒီ့နေရာကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
ပုဇွန်တောင်မြို့နယ်မှာဝမ်းရောဂါနဲ့သေဆုံးသူတစ်ဦးရှိခဲ့သလို သြဂုတ်လမှာ ဝမ်းရောဂါဖြစ်ပွားတဲ့မြို့နယ်တွေထဲလည်းပါဝင်ပါတယ်။
ဝမ်းရောဂါဖြစ်ပွားနေချိန် အခုလိုလုပ်ရပ်ဟာ ရောဂါကူးစက်အောင် ဝမ်းပိုးကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာဖြစ်နိုင်တယ်လို့ အနီးနေထိုင်သူတွေကပြောပါတယ်။
ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူဦးရေဟာ ၂၀၀၀ နီးပါးရှိနေပြီး သေဆုံးသူကလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ အမည်မဖော်လိုသူကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။
စစ်ကောင်စီအောက်ကျန်းမာရေးဝန်ကြီးဌာနကတော့ သတင်းတွေကိုထိန်းချန်ထားပြီးဝမ်းရောဂါကို ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုထားပါတယ်။



















































