Connect with us

Hi, what are you looking for?

သတင်း

PDF​တွေက တံတားဦးလေတပ်ကို ဒရုန်းနဲ့တိုက်ခိုက် တိုက်​လေယာဥ်​လေးစီးထိခိုက်ပျက်စီးပြီး ၂ စီးမှာလုံးဝပေါက်ကွဲ

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Screenshot

စက်တင်ဘာ-၁၀၊၂၀၂၆။ရွက်ဝါ/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ် ၂ဦးရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ရက်မွန်းလွဲပိုင်းမှာ တံတားဦးလေတပ်ကတိုက်​လေယာဥ်​တွေကို PDF​တွေကတိုက်ခိုက် ခဲ့တာလို့ အတည်ပြုပြီး လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း အတည်ပြုပါတယ်။

“အမှန်ပါ။” လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် တစီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း ၆စီး အသုံးပြု စစ်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အခြားသတင်းရင်းမြစ်တဦးကလည်း “လေးစီးထိသွားတာဟုတ်တယ်။၂စီးကလုံး၀ပေါက်ကွဲသွားတာ” လို့ ပြောပါတယ်။ စစ်ဆင်ရေးကို PDFက ဖော်ဆောင်တာလို့ သူက အသိပေးပါတယ်။

“တံတားဦး လေဆိပ်မှာ မြန်မာလေတပ်ရဲ့ Yak-130 အပေါ့စားတိုက်လေယာဉ်/အမောင်းသင်လေယာဉ် တစ်စင်းတော့ FPV ဒရုန်းစာမိသွားတယ်လို့ ယူဆရတယ်။ ဗီဒီယိုထဲက aircraft shelter 6 လုံးတွဲက တံတားဦးလေဆိပ်က နေရာဖြစ်တယ်ဆိုတာကို satellite image နဲ့ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။ဗီဒီယိုမှာမြင်ရတဲ့resolutionမကောင်းလှတာကြောင့်လေယာဉ်ကို IDလုပ်ရတာ ၁၀၀ရာခိုင်နှုန်းတော့ မသေချာဘူး။ ဒါပေမယ့် Yak-130 တွေက တံတားဦးလေဆိပ်မှာ အခြေစိုက်တာလည်း ရှိထားတဲ့အတွက် အဖြစ်နိုင်ဆုံးပါ။ဒါက မြန်မာပြည်တွင်းအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လေတပ်စခန်းမှာ ရပ်ထားတဲ့ fixed-wing military aircraft ကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်တဲ့ ဗီဒီယိုလို့ မှတ်တမ်းဝင်သွားနိုင်ပါတယ်။” လို့ စစ်ရေး သတင်း၊ ရုပ်သံနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ စိစစ်လေ့လာ ဖော်ပြနေတဲ့ Tactical Raptor က တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှု ရုပ်သံအပေါ် သုံးသပ်ရေးသားထားပါတယ်။

ဒါ့အပြင် အခုလိုတံတားဦးလေတပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးနဲ့ အလားတူ စစ်ရေးဖော်ဆောင်မှုတွေ ဆက်လာမယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

တံတားဦးလေတပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်က ဒီ​နေ့သတင်းထုတ်ပြန်တာမှာ PDF ​တွေက ခရီးသည်တင်​လေဆိပ်နဲ့ အနီးဝန်းကျင်ကို ဒရုန်း ၆ စီးဖြင့်တိုက်ခိုက်တာကို စစ်တပ်ဂျန်ဘာ​တွေက ဟားတားနိုင်ခဲ့ပြီးထိခိုက်မှုမရှိဘူးလို့ လိမ်လည်ထုတ်ပြန်ထားပါတယ်။ ဒရုန်းတိုက်ခိုက်မှု ဗီဒီယိုမှတ်တမ်းမှာ ​လေတပ်အတွင်းကတိုက်​လေယာဥ်ထားတဲ့​နေရာနဲ့တိုက်​လေယာဥ်ကိုတိုက်ခိုက်ခဲ့တာ​ထင်ထင်ရှားရှားမြင်​တွေ့ရပါတယ်။

သတင်းရင်းမြစ်တဦးကအခုစစ်ဆင်​ရေးကို PDF ​တွေ​ဖော်​ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး( PDF အထူးလှုပ်ရှားတပ်မ)လည်းပါဝင်တယ်လို့​ပြောပါတယ်။ မန္တ​လေးPDFက စစ်ဆင်ရေးသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

PDF​တွေစစ်ရေးဖော်ဆောင်ခဲ့တဲ့ တံတားဦးလေတပ်က စစ်လေယာဉ်တွေဟာ နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ အရပ်သား ပြည်သူနေထိုင်ရာတွေကိုလေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်​နေတဲ့ အဓိက လေတပ်စခန်းတခုဖြစ်ပါတယ်။

တိုက်ခိုက်ခံရမှုမှာဒရုန်းတွေဟာနွားထိုးကြီး မြို့နယ်ဘက်က လာတယ်ဆိုပြီး လေတပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် နွားထိုးကြီးမြို့နယ်၊နွားခြံကြီးကုန်းရွာအနီးမှာတော်လှန်ရေးတပ်တွေနဲ့စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန်နေပြီး ယနေ့ည ၆နာရီ ကျော်အထိပစ်ခတ်သံ တွေကြား နေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“ဒီနေ့ နွားထိုး- တောင်သာဘက်တွေကိုကင်း ထောက်တွေလည်းဆက်တိုက်ဝဲတယ်။ဒီနေ့ ကင်းထောက်တော်တော်များများကိုပျံနေတာ”လို့ဒေသခံတဦးကပြောပါတယ်။

ဂျန်ဘာ(ဒရုန်းဖျက်စက်)အများဆုံး တပ်ဆင်ထားတဲ့ လေတပ်အတွင်းကို တော်လှန်ရေး တပ်တွေကဒရုန်း​တွေနဲ့ ဖြတ်​ကျော်ဝင်​ရောက်ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေတပ်တိုက်ခိုက်ခံရပြီးနွားထိုးကြီးမြို့နယ်မှတိုက်ပွဲဖြစ်

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။