Connect with us

Hi, what are you looking for?

သတင်း

မြို့သာအနီးတိုက်ပွဲစစ်တပ်လေကြောင်းရန် ကာကွယ်ရေးတပ်ကဗျူဟာမှူး​သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စက်တင်ဘာ-၁၀၊၂၀၂၆။​ဇော်ဝင်း/People’s Spring

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)မွန်းလွဲ ၂နာရီ၀န်းကျင်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူး ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သာမြို့အနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဗျူဟာမှူး ကျဆုံးတယ်။နန်းတွင်းထဲကို ညနေကသယ်သွားတယ်”လို့ တံတားဦးခရိုင် စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း PDFတွေက စစ်တပ်ကားတန်းကို​စောင့်ပြီးတိုက်ခိုက်တာမှာ ဗျူဟာမှူးကားကို အဓိက ထားပစ်တာကြောင့် ဗျူဟာမှူးထသွားပြီးဆေးရုံပို့စဥ်လမ်းမှာ သေဆုံးတယ်လို့​ပြောပါတယ်။

ဒါ့အပြင် တံတားဦးလေဆိပ်ကို ပိတ်ထားပြီး တံတားဦးနဲ့ နွားထိုးကြီးကြားမှာဒီကနေ့ (စက်တင်ဘာ ၁၀ ရက်)ညပိုင်းအထိ တိုက်ပွဲဖြစ်နေပါတယ်။ ​စစ်တပ်ဘက်က ဗျူဟာမှူးအပါအဝင်​သေဆုံး ဒဏ်ရာရသူ​တွေရှိသလိုတော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်ကျဆုံးမှုရှိတယ်လို့စုံစမ်းသိရပါတယ်။

“တံတားဦးနဲ့ နွားထိုးကြီးကြားကိုစစ်ကား အစီး ၇၀ လောက်နဲ့ဆင်းလာတယ်”လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။

သေဆုံးသွားတဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူးနဲ့ နောက်ဆက်တွဲ အသေး စိတ်အချက် အလက်ကို လူထုနွေဦးက ဆက်လက်စုံစမ်း​​နေဆဲ ဖြစ်ပါတယ်။

စစ်ရေးအချက်အလက်တွေအရတံတားဦးမြို့နယ်မှာအမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ-၃၀၂၇) အခြေစိုက်ထားပါတယ်။

အဓိကအားဖြင့် အနီးဝန်းကျင်ရှိ တံတားဦးလေတပ်စခန်းဌာနချုပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းရန်အန္တရာယ်တွေက ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီက​နေ့ မွန်းလွဲပိုင်းမှာ တံတားဦး​လေတပ်ကတိုက်​လေယာဥ်​​တွေ ထားတဲ့​နေရာကို PDF ​တွေက ဒရုန်းနဲ့တိုက်တာ​ကြောင့် တိုက်​လေယာဥ် ၄ စီးထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးကလုံးဝပျက်စီးခဲ့တယ်လို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ် ။ စစ်တပ်က​တော့ တံတားဦးခရီးသည်တင်​လေဆိပ်နဲ့အနီးဝန်းကျင်ကို PDF ​တွေကဒရုန်း ၆ စင်းနဲ့တိုက်ခိုက်​ပေမယ့် ဒရုန်း​တွေကိုတားဆီးဖျက်ဆီးနိုင်ခဲ့တယ်လို့လိမ်လည်ထုတ်ပြန်ပါတယ်။YAK-130 တိုက်​လေယာဥ်ကို FPV ဒရုန်းနဲ့ဖျက်ဆီးခဲ့တဲ့ရုပ်သံမှတ်တမ်းကိုလည်း စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပေးပို့ပြီး တိုက်​လေယာဥ်ရပ်ထားတဲ့​နေရာကို ဒရုန်းကအနီးကပ်ပျံသန်းတိုက်ခိုက်​ဖောက်ခွဲတာကိုထင်ထင်ရှားရှားမြင်​တွေ့ရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

တပ်ရင်းမှူး အပါအဝင် စစ်တပ် အလောင်းတွေနဲ့ လက်နက်တွေ KIA ပူးပေါင်းတပ် သိမ်းရ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။