Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။

ဓာတ်ပုံ - AFP

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်းတုန်းက တာတို ပဲ့ထိန်းဒုံးတွေလို့ ယူဆရတဲ့ အရာတချို့ကို နိုင်ငံအရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်ဆီ မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၅၀ လောက် အကွာအဝေးထိ ပျံသန်းပြီးတဲ့နောက် ပင်လယ်ပြင်ထဲ ကျဆင်းသွားခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစားနဲ့ စွမ်းဆောင်ရည်တွေကို သိရှိနိုင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ် ပူးပေါင်းပြီး ဆန်းစစ်နေတယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ထောက်လှမ်းရေးတွေဟာ ဒုံးကျည်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကို တောက်လျှောက် ခြေရာခံ စောင့်ကြည့်ခဲ့ပြီး အချက်အလက်တွေကို ဂျပန် ထောက်လှမ်းရေးဆီ မျှဝေပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဖက်က ဒုံးကျည်ပစ်ခတ်မှု အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့သလို တစ်ဖက်မှာလည်း ရန်စမှု တစ်ခုခု ရှိလာရင် တုံ့ပြန်ဖို့ အသင့်ပြင်ဆင်ထားခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အခုဖြစ်ရပ် အပြီးမှာတော့ တောင်ကိုရီးယား သမ္မတရဲ့ အမျိုးသား လုံခြုံရေးရုံးဟာ ကာကွယ်ရေးဝန်ကြီး၊ စစ်တပ် အရာရှိတွေနဲ့ တခြားလုံခြုံရေး အေဂျင်စီ အရာရှိတွေ ပါဝင်တဲ့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ကြောင်းလည်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သတ်မှတ်ချက်တွေကို အပြင်းအထန် ချိုးဖောက်ရာ ရောက်တဲ့အတွက် ရပ်တန်းက ရပ်ဖို့လည်း မြောက်ကိုရီးယားကို တောင်ကိုရီးယား အစိုးရက တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ ပစိဖိတ် စစ်ဌာနချုပ်ကလည်း မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်မှုတွေကို သတိပြုမိခဲ့ကြောင်း၊ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသတွင်း မဟာမိတ် နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်ညှိနှိုင်း ကိုင်တွယ်နေကြောင်း ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယား ဒုံးကျည်တွေဟာ ဒေသတွင်းက အမေရိကန် တပ်ဖွဲ့ဝင်တွေကိုရော၊ မဟာမိတ် နိုင်ငံတွေကိုပါ ခြိမ်းခြောက်မှုတော့ မရှိခဲ့ဘူးလို့ ပစိဖိတ် စစ်ဌာနချုပ်က အတည်ပြုခဲ့ပါတယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ Freedom Edge စစ်ရေးလေ့ကျင့်မှု မတိုင်ခင် ရက်ပိုင်းအလို ဩဂုတ်လ ၂၀ ရက်နေ့တုန်းကလည်း မြောက်ကိုရီးယားဟာ ပင်လယ်ပြင်ဖက်ကို ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ပါသေးတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ မြောက်ကိုရီးယားကိုကားလမ်းတိုက်ရိုက်ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ရေတပ်ကို နျူကလီးယား စစ်တပ်တစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ အဓိပတိ ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။