စက်တင်ဘာ ၁၂၊၂၀၂၆။သုည/People’s Spring
ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris)၊ သရုပ်ဆောင် မေမြတ်နိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနဲ့ ဗြိတိန်ရောက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တွေ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့၊ SCEF ၊ NUG စတဲ့ ပြည်သူ့ကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊အာဏာသိမ်း စစ်တပ်ကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။


















































