Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် မြို့နယ်လေးခုမှာ လေပြင်းကြောင့် သစ်ပင်တွေလဲ

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

စက်တင်ဘာ-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နေ့လည် ၂နာရီကျော်မှာ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ကား ၂စီးပေါ် သစ်ပင်လဲကျခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။

လှည်းတန်းလမ်းဆုံ အနီးမှာဖြစ်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားခဲ့ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းက ရှင်းလင်းရေးလုပ်ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“တက္ကသိုလ်ရိပ်သာလမ်း လှည်းတန်းမီးပွိုင်း အနီး သစ်ပင်လဲ ကားတစီး ပိနေ ။ အင်းယားလမ်း စိမ်းလန်းစိုပြေအနီး သစ်ပင်လဲ ကားတစီး ပိနေ ။သထုံလမ်းထဲ သစ်ပင်လဲ ဆိုင်ပိနေ ၊ရှောင်ရှားသွားလာနိုင်ရန်”လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက နေ့လည် ၃ နာရီမှာ ကိုယ်တိုင်‌မြင်‌တွေ့ခဲ့ရတဲ့ အခြေအနေကို အသိပေးထားပါတယ်။

နေ့လည် ၂ နာရီခွဲကျော်မှာတော့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းမှာ သစ်ပင်လဲကျမှုဖြစ်ခဲ့ပြီး ကြည့်မြင်တိုင်မီးသတ်က သွားရောက်ရှင်း‌လင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့လည် ၃ နာရီလောက်မှာတော့ ရန်ကင်းမြို့နယ် မြောက်မြင်းပြိုင်ကွင်းလမ်းမှာ သစ်ပင်လဲကျခဲ့ပြီး ဓာတ်တိုင်တွေပါလဲကျခဲ့ကာ YBS ကား ၁စီးပေါ်ကို ပိမိမလိုဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်ကိုလည်း သက်ဆိုင်ရာမြို့နယ်မီးသတ်တွေက သွားရောက်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

၃ နာရီ‌ကျော်လောက်မှာတော့ ကမာရွတ်မြို့နယ် ဗဟိုလမ်းမပေါ်မှာ သစ်ပင်လဲကျမှုဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တာကြောင့် နယ်မြေခံမီးသတ်တွေက သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ဖြစ်စဉ်ကတော့ နေ့လည် ၃ နာရီခွဲကျော်မှာ မရမ်းကုန်းမြို့နယ် ရန်ကြီးအောင်လမ်းမှာ သစ်ပင်လဲကျတာဖြစ်ပြီး ‌နယ်မြေခံမီးသတ်တွေက သွားရောက်ရှင်းလင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများမှာ သစ်ပင်လဲကျမှုတွေဖြစ်နေပြီး လေးပြင်းတိုက်ချိန်နဲ့ မိုးရွာချိန်တွေမှာ သစ်ပင်ရှိတဲ့လမ်းတွေကို ရှောင်သင့်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အချင်းချင်းသတိပေးထားကြပါတယ်။

ဇူလိုင်ကလည်း ဗဟန်းမြို့နယ်မှာ ကားပေါ်ကို သစ်ပင်လဲကျပြီး အမျိုးသားတစ်ဦးသေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။