Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် မြို့နယ်လေးခုမှာ လေပြင်းကြောင့် သစ်ပင်တွေလဲ

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

စက်တင်ဘာ-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နေ့လည် ၂နာရီကျော်မှာ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ကား ၂စီးပေါ် သစ်ပင်လဲကျခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။

လှည်းတန်းလမ်းဆုံ အနီးမှာဖြစ်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားခဲ့ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းက ရှင်းလင်းရေးလုပ်ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“တက္ကသိုလ်ရိပ်သာလမ်း လှည်းတန်းမီးပွိုင်း အနီး သစ်ပင်လဲ ကားတစီး ပိနေ ။ အင်းယားလမ်း စိမ်းလန်းစိုပြေအနီး သစ်ပင်လဲ ကားတစီး ပိနေ ။သထုံလမ်းထဲ သစ်ပင်လဲ ဆိုင်ပိနေ ၊ရှောင်ရှားသွားလာနိုင်ရန်”လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက နေ့လည် ၃ နာရီမှာ ကိုယ်တိုင်‌မြင်‌တွေ့ခဲ့ရတဲ့ အခြေအနေကို အသိပေးထားပါတယ်။

နေ့လည် ၂ နာရီခွဲကျော်မှာတော့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းမှာ သစ်ပင်လဲကျမှုဖြစ်ခဲ့ပြီး ကြည့်မြင်တိုင်မီးသတ်က သွားရောက်ရှင်း‌လင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့လည် ၃ နာရီလောက်မှာတော့ ရန်ကင်းမြို့နယ် မြောက်မြင်းပြိုင်ကွင်းလမ်းမှာ သစ်ပင်လဲကျခဲ့ပြီး ဓာတ်တိုင်တွေပါလဲကျခဲ့ကာ YBS ကား ၁စီးပေါ်ကို ပိမိမလိုဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်ကိုလည်း သက်ဆိုင်ရာမြို့နယ်မီးသတ်တွေက သွားရောက်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

၃ နာရီ‌ကျော်လောက်မှာတော့ ကမာရွတ်မြို့နယ် ဗဟိုလမ်းမပေါ်မှာ သစ်ပင်လဲကျမှုဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တာကြောင့် နယ်မြေခံမီးသတ်တွေက သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ဖြစ်စဉ်ကတော့ နေ့လည် ၃ နာရီခွဲကျော်မှာ မရမ်းကုန်းမြို့နယ် ရန်ကြီးအောင်လမ်းမှာ သစ်ပင်လဲကျတာဖြစ်ပြီး ‌နယ်မြေခံမီးသတ်တွေက သွားရောက်ရှင်းလင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများမှာ သစ်ပင်လဲကျမှုတွေဖြစ်နေပြီး လေးပြင်းတိုက်ချိန်နဲ့ မိုးရွာချိန်တွေမှာ သစ်ပင်ရှိတဲ့လမ်းတွေကို ရှောင်သင့်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အချင်းချင်းသတိပေးထားကြပါတယ်။

ဇူလိုင်ကလည်း ဗဟန်းမြို့နယ်မှာ ကားပေါ်ကို သစ်ပင်လဲကျပြီး အမျိုးသားတစ်ဦးသေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်