စက်တင်ဘာ – ၂၁ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၉ ရက် ည ၁၁ နာရီခန့်က KNU တပ်မဟာ (၁) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲကဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာအနောက်ဘက်ခြမ်းနဲ့ ဘားအံမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာ အရှေ့ဘက်ခြမ်းတို့ကို တိုက်လေယာဉ်နဲ့ဗုံးကြဲတာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ကြသောင်းဆိပ်ကျေးရွာအနောက်ပိုင်းရှိ စာသင်ကျောင်းဆောင်သုံးဆောင် ၊ဝန်ထမ်းအိမ်ရာတစ်ဆောင် ၊ နေအိမ်နှစ်လုံး ၊ ကြသောင်းဆိပ်ကျေးရွာအရှေ့ပိုင်းရှိ စာသင်ကျောင်းဆောင်နှစ်ဆောင် အပါအဝင် နေအိမ် ၃၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့KNU က ဆိုပါတယ်။

Public Service Announcement
အဆောက်အဦးနဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့ပေမယ့် လူသူထိခိုက်မှုတော့မရှိဘူးလို့ KNU က အသိပေးထားပါတယ်။
ဗုံးကြဲပြီးနောက်အဲဒီနေ့ ညသန်းခေါင်မတိုင်ခင် မှာလည်း စစ်တပ်က ကြသောင်းဆိပ်ကျေးရွာအနောက်ခြမ်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သေးတယ်လို့ KNU ရဲ့ဖော်ပြချက်မှာပါရှိပါတယ်။



















































