Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်မှာ စစ်တပ် အင်အားဖြည့်မှုကြောင့် စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

(ဆောဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-Saw PDF)

စက်တင်ဘာ-၂၁ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်က မေလကစပြီး စက်တင်ဘာ ၂၀ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄၅၀၀ ၀န်းကျင် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွဲကူးရေပါ အနေအထားအရ ချင်းတောင်ကို ထိုးစစ်ဆင်ဖို့ရော တဆက်တည်းမှာပဲ ဆောမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ဗျူဟာကျ လုပ်ဆောင်နေတယ်။ဒါကြောင့် တိုက်ပွဲတွေက ဒီထက်ပိုပြင်းထန်လာနိုင်တယ်”လို့ ဆောမြို့နယ်(ယောဒေသ)စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်က ဆော – လောင်းရှည်လမ်း ခြေကုပ်ယူထားပြီး ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာလည်း အထိုင်ချတပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။

“လောင်းရှည်ကနေ ဆောမြို့ကို အင်အားဖြည့်တာ၊တပ်ချိန်းတာ ပုံစံအမျိုးမျိုးလုပ်ဖို့ဆိုရင် လောင်းရှည် – ဆောလမ်းပိုင်းက အရေးကြီးတယ်။အဲဒါကြောင့်လည်း မင်းလယ် ၊ သီးကုန်းနဲ့ တောင်ဘို့ကြီးရွာတွေမှာ စစ်တပ်ကတပ်စွဲထားတယ်”လို့ ဆောမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်ရဲ့ အင်အားဖြည့်တင်းတပ်ဖြန့်မှုတွေထက် ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ၊ မဟာမိတ်တွေ ၊ ခရိုင် ၊တိုင်းစစ်ဌာနတွေ ချိတ်ဆက်ညှိနှိုင်းပြီး တောင်ပေါ် တောင်အောက် ဟန်ချက်ညီညီ စစ်ဆင်ရေးဆောင်ရွက်ကြရမယ့် အခြေအနေဖြစ်တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူက တိုက်တွန်းထားပါတယ်။

မကွေးမြို့ကလာတဲ့ စစ်ကား အစီးရေ ၁၈၀ ၀န်းကျင်နဲ့ အင်အား တစ်ထောင်၀န်းကျင်ပါတဲ့စစ်ကြောင်းဟာ ဆောမြို့နယ်၊လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅ )ရောက်နေပြီလို့ ဆောမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။

ယာဉ်တန်းမှာပါတဲ့ အင်အားတွေက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှုပြုလုပ်ထားတဲ့ တပ်မ(၈၈)လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ မကွေးတိုင်း ပကဖက အသိပေးပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ အဲဒီယာဉ်တန်းကို မကွေးတိုင်း စလင်းနဲ့ ကံပြားလမ်းမှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ကား ၂စီး ပျက်စီးပြီး ထိခိုက်သူတွေရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကိုပြောထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

ချင်းတောင်ပိုင်းထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်က ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့်နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ နေထိုင်ကြဖို့ လက် နက်ကြီး၊လေကြောင်းအန္တရာယ်တွေကို ဂရုစိုက်ဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။