Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစွမ်းထက် လက်နက်စနစ် အသစ်တစ်ခုကို ပိုင်ဆိုင်လာပြီလို့ ကင်မ်ဂျုံအွန်း ကြွေးကြော်

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

ဓာတ်ပုံ - KCNA/Reuters

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သူက အဲဒီလက်နက် စနစ်အသစ် စမ်းသပ်မှုကို ကိုယ်တိုင် ကြီးမှူးခဲ့တဲ့နောက် မြောက်ကိုရီးယားရဲ့ စစ်ရေး နည်းပညာ တိုးတက်မှုတွေရဲ့ ထင်ရှားတဲ့ သက်သေအထောက်အထား တစ်ခုအဖြစ် အသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း အစိုးရ မီဒီယာက စက်တင်ဘာ ၂၂ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာ ၂၀ တုန်းက မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေက ထုတ်ပြန်ခဲ့ပြီး နှစ်ရက်အကြာမှာ KCNAက ကင်မ်ရဲ့ မှတ်ချက်စကားတွေကို ထုတ်ဖော် ရေးသားလာတာ ဖြစ်ပါတယ်။

ဂျပန်ပင်လယ် ရေပြင်ထဲ ကျရောက်သွားတဲ့ ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဂျပန်နဲ့ တောင်ကိုရီးယားတို့က ဝေဖန် ရှုတ်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ကြေညာထားသလို အဲဒီ ရပ်တည်ချက်ကနေ ဘယ်လိုနည်းနဲ့မှ နောက်ကြောင်း ပြန်မလှည့်ဘူးလို့လည်း နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းက အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

KCNAရဲ့ သတင်းအရ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဗျူရိုဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ လက်နက် အမျိုးအစားသစ် တစ်ခုကို အဓိပတိကြီး ကင်မ်ရဲ့ ရှေ့မှောက်မှာ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘယ်လို လက်နက် အမျိုးအစားကို စမ်းသပ်ခဲ့ကြောင်းကို တိတိကျကျ မဖော်ပြခဲ့ပေမယ့် ကင်မ်ကတော့ အဲဒီစမ်းသပ်မှုဟာ အင်မတန် ခေတ်ရှေ့ပြေးတဲ့ ကာကွယ်ရေး နည်းပညာ တစ်ခုကို လက်တွေ့ ထုတ်ပြလိုက်နိုင်မှုဆိုတာ သံသယရှိဖို့ မလိုကြောင်း ချီးကျူးခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။

အခုလို ခေတ်မီ လက်နက်စနစ်တွေကို မြောက်ကိုရီးယားက ပိုင်ဆိုင်လာတာကြောင့် ရန်ဘက် နိုင်ငံတွေဟာ အကြီးအကျယ် ခေါင်းကိုက်နေမှာ ဖြစ်သလို ရှောင်လွှဲလို့ မရနိုင်တဲ့ ထိုးနှက်ချက်မျိုးကို ကြိုတင် တွေးတောနေရတော့မယ်လို့လည်း ကင်မ်က ပြောကြားခဲ့ပါတယ်။

အခုနောက်ဆုံး ဒုံးကျည် စမ်းသပ်မှု မတိုင်ခင် တစ်ပတ်ကျော်လောက်တုန်းကလည်း မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည်တွေကို လက်နက်ကြီးတွေနဲ့ တွဲဖက်ပြီး ဂျပန်ပင်လယ်ဖက် ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ လေ့ကျင့်မှုမှာ ပါဝင်တဲ့ စစ်လက်နက် အားလုံးဟာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ၁၀၀ ရာခိုင်နှုန်းအပြည့် တိတိကျကျ ချေမှုန်းနိုင်ခဲ့တယ်လို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

Facebook