စက်တင်ဘာ-၂၂၊၂၀၂၆။သတိုး/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က ကွန်ပြူတာဆိုင်တစ်ဆိုင်မှာ စက်တင်ဘာ ၂၁ရက်ည ၁၁နာရီကျော်က မီးလောင်ခဲ့တာဖြစ်ပြီး နာရီဝက်လောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။
မီးသတ်ကားတွေရောက်ရှိချိန်မှာ မီးလောင်အားအတော်ကောင်းနေပြီး မီးလောင်တဲ့အထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီး ၃ဦးသေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးသူတွေကို ပုညကုသလ လူမှုကူညီရေးအသင်း နဲ့ ဂရုဏာလူမှူကူညီရေးအသင်းက ကလေးဆေးရုံကိုပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုအကြောင်းရင်း နဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က မထုတ်ပြန်ထားသလို လူသေဆုံးမှုရှိတဲ့အကြောင်းကိုလည်း မဖော်ပြထားပါဘူး။



















































