Connect with us

Hi, what are you looking for?

သတင်း

မိခင်နဲ့တွေ့ခွင့်ရဖို့၊ လွှတ်​ပေးဖို့ ကင်မ်က မင်းအောင်လှိုင်ဆီကို စာရေးသားပေးပို့

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဓါတ်ပုံ- Kim Aris's FB

စက်တင်ဘာ-၂၂၊၂၀၂၆။တေဇ/People’s Spring

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

“ကျွန်တော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ကျွန်တော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။ကျွန်တော့်မေမေကို လွှတ်ပေးပါ။” လို့ ကင်မ်ကတောင်းဆိုခဲ့တာပါ။

ICRC ကိုယ်စားလှယ်နဲ့ တွေ့ခဲ့ပေးခဲ့တာကြောင့် မိခင်ဖြစ်သူ အသက်ရှင်နေကြောင်းသိခဲ့ရပေမယ့် လက်ရှိအချိန်အထိ စကားပြောခွင့် ၊ တွေ့ခွင့်မရသေးဘူးလို့ ကင်မ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မေမေ့လွတ်မြောက်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့ရတုန်းက ကျွန်တော်ဟာ ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက် အခုထက်ထိလဲ ထပ်ပြီး တောင်းဆိုနေရပါတယ်။မေမေ အသက် ၈၁ နှစ် ရှိပါပြီ။ သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီးပါပြီ။” လို့ ကင်မ်က ‌ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိခဲ့တာကြောင့် ကင်မ်ဦးဆောင်ကာမိခင်ဖြစ်သူအသက်ရှင်ကြောင်းပြသဖို့ Proof Of Life ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့တာပါ။

ကမ်ပိန်း ရက် ၁၀၀ ကျော်လာချိန်မှာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး အသက်ရှင်ကြောင်း ပြသခဲ့ပါတယ်။ဒါ​​ပေ့မယ် ICRC နဲ့​တွေ့ခွင့်ရတာက မိသားစုနဲ့ ​တွေ့ခွင့်ရတာမဟုတ်သလို၊မိသားစု​တွေ့ခွင့်ရယုံနဲ့လည်း လွတ်လပ်ခွင့်ရတာမဟုတ်ဘူးလို့​ပြောပါတယ် ။

“အခု ကျွန်​တော် မေ​မေကို ​မြင်ချင်တယ်။​မေ​မေနဲ့စကား​ပြောချင်တယ် ။ ကျွန်​တော်တို့မိသားစု ပုံမှန်ဆက်သွယ်ခွင့်ရချင်တယ်။” လို့လည်း သံရုံး​ရှေ့မှာစာပို့ရင် ​ပြောကြားခဲ့ပါတယ်။

ကင်မ်က မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ အကြောင်းကိုပြောရင်း ကမ်ပိန်းမှာပါဝင်ပေးကြဖို့ ပြည်သူတွေကိုတောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook