စက်တင်ဘာ-၂၂၊၂၀၂၆။တေဇ/People’s Spring
မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ပေးဖို့ ၊လွှတ်ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။
“ကျွန်တော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ကျွန်တော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။ကျွန်တော့်မေမေကို လွှတ်ပေးပါ။” လို့ ကင်မ်ကတောင်းဆိုခဲ့တာပါ။
ICRC ကိုယ်စားလှယ်နဲ့ တွေ့ခဲ့ပေးခဲ့တာကြောင့် မိခင်ဖြစ်သူ အသက်ရှင်နေကြောင်းသိခဲ့ရပေမယ့် လက်ရှိအချိန်အထိ စကားပြောခွင့် ၊ တွေ့ခွင့်မရသေးဘူးလို့ ကင်မ်ကပြောပါတယ်။

Public Service Announcement
“မေမေ့လွတ်မြောက်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့ရတုန်းက ကျွန်တော်ဟာ ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက် အခုထက်ထိလဲ ထပ်ပြီး တောင်းဆိုနေရပါတယ်။မေမေ အသက် ၈၁ နှစ် ရှိပါပြီ။ သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီးပါပြီ။” လို့ ကင်မ်က ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိခဲ့တာကြောင့် ကင်မ်ဦးဆောင်ကာမိခင်ဖြစ်သူအသက်ရှင်ကြောင်းပြသဖို့ Proof Of Life ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့တာပါ။
ကမ်ပိန်း ရက် ၁၀၀ ကျော်လာချိန်မှာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး အသက်ရှင်ကြောင်း ပြသခဲ့ပါတယ်။ဒါပေ့မယ် ICRC နဲ့တွေ့ခွင့်ရတာက မိသားစုနဲ့ တွေ့ခွင့်ရတာမဟုတ်သလို၊မိသားစုတွေ့ခွင့်ရယုံနဲ့လည်း လွတ်လပ်ခွင့်ရတာမဟုတ်ဘူးလို့ပြောပါတယ် ။
“အခု ကျွန်တော် မေမေကို မြင်ချင်တယ်။မေမေနဲ့စကားပြောချင်တယ် ။ ကျွန်တော်တို့မိသားစု ပုံမှန်ဆက်သွယ်ခွင့်ရချင်တယ်။” လို့လည်း သံရုံးရှေ့မှာစာပို့ရင် ပြောကြားခဲ့ပါတယ်။
ကင်မ်က မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ အကြောင်းကိုပြောရင်း ကမ်ပိန်းမှာပါဝင်ပေးကြဖို့ ပြည်သူတွေကိုတောင်းဆိုထားပါတယ်။



















































