Connect with us

Hi, what are you looking for?

News

မှော်ဘီမြို့ရှိ ခမရ(၉၁)ဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ YLFဟု အသိပေး

“တိုက်ခိုက်မှုကြောင့် စစ်ခွေးနှစ်ဦးသေဆုံးကြောင်းသိရှိရပြီး မိမိတို့ပြောက်ကျားရဲဘော်များမှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု YLF က ဆိုသည်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ(၉၁)ဂိတ်အား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Yangon Liberation Force – YLF က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၂၆)နံနက် ၈ နာရီ ၄၅ ခန့်က ခမရ(၉၁)ဂိတ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ခိုက်မှုကြောင့် စစ်ခွေးနှစ်ဦးသေဆုံးကြောင်းသိရှိရပြီး မိမိတို့ပြောက်ကျားရဲဘော်များမှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု YLF က ဆိုသည်။

ထို့အပြင် YLF မြို့ပြပြောက်ကျားတပ်အနေဖြင့် စစ်သား၊ ရဲနှင့် ၎င်းတို့၏ ထောက်တိုင်များအား ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။