Connect with us

Hi, what are you looking for?

News

ကုလနှင့် နိုင်ငံတကာ၏ တာဝန်မဲ့ပျက်ကွက်မှုကြောင့် မြန်မာပြည်သူများ စစ်ဘေးဒဏ်ခံနေရဟုဆိုကာ ဂျပန်ရောက်မြန်မာများ ဆန္ဒထုတ်ဖော်

“စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေကို No Fly Zone သတ်မှတ်ပေးဖို့တောင်းဆိုပါတယ်။ ကမ္ဘာကြီးက ကြည့်မနေ ပါနဲ့။ ကမ္ဘာကြီးက ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ပြီး တာဝန်မရှိသလို ကြည့်နေတာကြောင့် အခုလို အခြေအနေ ဆိုးရွားလာတာဖြစ်ပါတယ်”ဟု တိုကျိုမြို့ ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - GMSR Tokyo

▪️ပြည်တွင်းရှိ တိုက်ပွဲဝင်တိုင်းရင်းသားအားလုံးနှင့် တစ်သားတည်းရှိနေဟု ပြည်ပရောက်မြန်မာများပြော

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်၏ ကျူးလွန်သတ်ဖြတ်မှုများသည် ကမ္ဘာ့နိုင်ငံအသီးသီး နှင့် ကုလသမဂ္ဂမှ တာဝန်ရှိသူများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး အားလုံး၏ တာဝန်မဲ့ပျက်ကွက်မှု များကြောင့် ယခုကဲ့သို့ စစ်ဘေးဒဏ်ကို မြန်မာပြည်သူများခံစားနေရခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာများက ပြောသည်။

ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို ဂျပန်နိုင်ငံ မြို့တော် တိုကျို၊ ကိုဘေးနှင့် ဆာဂစသည့် မြို့ သုံးခု၌ ယနေ့(ဒီဇင်ဘာ ၂၆ရက်) ပြုလုပ်ခဲ့ပြီး ဂျပန်ရောက် မြန်မာပြည်ဖွားများသာမက မြန်မာ့အရေး စိတ်ဝင်စား သည့် ဂျပန်နှင့်နိုင်ငံခြားသားများလည်း ယင်းလှုပ်ရှားမှုကို ပူးပေါင်း ပါဝင်ခဲ့ကြသည်။

“စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေကို No Fly Zone သတ်မှတ်ပေးဖို့တောင်းဆိုပါတယ်။ ကမ္ဘာကြီးက ကြည့်မနေ ပါနဲ့။ ကမ္ဘာကြီးက ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ပြီး တာဝန်မရှိသလို ကြည့်နေတာကြောင့် အခုလို အခြေအနေ ဆိုးရွားလာတာဖြစ်ပါတယ်”ဟု တိုကျိုမြို့ ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ ပြည်ထောင်စုဖွားမြန်မာနိုင်ငံသားတွေအားလုံးဟာ ပြည်တွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ တသားတည်း ရှိနေတယ်။ ရပ်တည်ချက်အတူတူနဲ့ တိုက်ပွဲဝင်နေတယ်ဆိုတာကို အားလုံးသိစေချင်ပါတယ်။ အဲဒါကြောင့် လစဉ်လစဉ်၊ အပတ်စဉ် အပတ်စဉ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး သွေးမအေးဘူးဆိုတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာက သိအောင် ပိုမို ကြိုးစားပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး အားတင်းပေးထားကြပါ” ဟု ပြောသည်။

တိုကျိုမြို့တွင် ဆန္ဒပြသူ ၄၀၀ ခန့်က လူစည်ကားရာနေရာများတွင် လမ်းလျှောက်လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး ‘No Fly Zone’ သတ်မှတ်ပေးရေး၊ ‘အိမ်စောင့်အစိုးရ စစ်ကောင်စီအလိုမရှိ’၊ ‘ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ’ စသည့် ပိုစတာများကိုင်ဆောင် ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်လိုအပ်ကောင်းလိုအပ်နိုင်သော်လည်း ယခုရှိသည့် အကြမ်းဖက်စစ်တပ်မျိုး မလိုအပ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်ပိုစတာကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့သည်။

အဆိုပါမြို့အတွင်း လှည့်လည်ဆန္ဒပြပွဲကို ဂျပန်ရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းနှင့် လုံခြုံရေး ရယူပေးသည်ကို တွေ့ရသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြုပေးရေး၊ ဂျပန်အစိုးရ၏ အကူအညီများ က အကြမ်းဖက်စစ်ကောင်စီထံ မရောက်ရှိရေး စသည်တို့ပါဝင်သော တောင်းဆိုချက်များကိုလည်း လက်မှတ်ရေးထိုးကောက်ခံခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်တင် သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ဂျပန်ရေတပ်က ရန်စတဲ့ သဘောဆန်ဆန် အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ် ရေတပ်က စွပ်စွဲခဲ့ပါတယ်။

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။