Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းငယ် အားလျော့၊ လေဖိအားနည်းရပ်ဝန်းအဖြစ် ရခိုင်ကို ဖြတ်မည်

မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ဝင်လာခဲ့တဲ့ မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီး ရခိုင်ပြည်နယ်ကတဆင့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျှားနေလို့ ရခိုင်ပြည်နယ်မှာ မိုးနဲ့ လေပြင်း‌ဘေးသတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

(မုန်တိုင်းကြောင့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ကျေးရွာတစ်ရွာ ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

စက်တင်ဘာ၂၉၊၂၀၂၆။အိမ်သွင်/People’s Spring

မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ဝင်လာခဲ့တဲ့ မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီး ရခိုင်ပြည်နယ်ကတဆင့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျှားနေလို့ ရခိုင်ပြည်နယ်မှာ မိုးနဲ့ လေပြင်း‌ဘေးသတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်ဟာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာ ရန်ကုန်နဲ့ ကျိုက်ထိုမြို့ကြားကနေ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။ ကမ်းရိုးတန်းဝင်ရောက်ပြီးနောက်ပိုင်း ဒီကနေ့ စက်တင်ဘာ ၂၉ရက်မနက်ပိုင်းကစပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းကို ဖြတ်ကျော်နေပါတယ်။

အဲ့ဒီကနေ ၂၄နာရီအတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက်ပိုင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် ထရီပူရားပြည်နယ်တွေကို ဆက်လက်ရွေ့လျားပြီး တဖြည်းဖြည်း အားလျော့ပျက်ပြယ်သွားနိုင်တယ်လို့ MoSLHAက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း မြို့နယ်တွေမှာ ဒီကနေ့နေ့လယ်ပိုင်းကစပြီး မိုးကြီးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်မှာလည်း မိုးသက်လေပြင်းကျရောက်ခဲ့ပါတယ်။

လေးဖိအားနည်းရပ်ဝန်းဖြတ်သန်းစဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာနဲ့ နေရာကွက်၍ မိုးကြီးတာတွေ အထူးသတိပြုနေထိုင်ကြဖို့ MoSLHAက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ၂၆ရက်က ထိုင်းနိုင်ငံဘက်ကနေ ရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး တနင်္သာရီတိုင်းမှာ ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။

လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပြီး လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ လက်ရှိမှာရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။ ရေဘေးနဲ့ မြေပြိုမှုတွေကြောင့် ဒီနေ့ညနေပိုင်းအထိ ရုပ်အလောင်း ၄၀နီးပါ ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကနေ ရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြန်မာ့ကမ်းရိုးတန်းအနီးမှာ အားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်ခဲ့တာပါ။ ဒီကနေ့မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အား လျော့သွားတာဖြစ်ပါတယ်။

ရေဘေးသတိပေးထားတဲ့ ရခိုင်ပြည်နယ်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ မနေ့က ကျောက်တော်မြို့ကို ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၅၀ ဦးသေဆုံးပြီး ၅၈ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

သတင်း

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံဘက်က လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က ထုတ်ပြန်ထားပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၈ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်ပါတယ်။

Facebook