Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ ဒုဋ္ဌဝတီမြစ်ကမ်းပြိုလို့ နေအိမ် ၅ လုံးပြိုကျပြီး နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပြိုကျသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းရုံး)

စက်တင်ဘာ ၃၀၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “လူတွေမပါဘူး။ အကုန်အိကျသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအဆိုအရ ယမန်နေ့က မိုးသည်းထန်စွာသွန်းတာအပြင် ယမန်နေ့ညပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလည်း လှုပ်ခတ်သွားခဲ့တာကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားတာဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ကမ်းပါးပြိုကျရာအနီးဝန်းကျင်က ကျန်တဲ့နေအိမ်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ထားဝယ်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး ပြည်သူ ၃၂ ဦး သေဆုံးကာ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ မနေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Facebook