Connect with us

Hi, what are you looking for?

LuduNwayOo

News

နတ်ချောင်းရွာဒေသခံများ၏ ကား၊ ဆိုင်ကယ်နှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၂၂ရက်မှ ယနေ့နံနက်ထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ ဒီဇင်ဘာ ၂၃ရက်တွင် ရဟတ်ယာဉ် ၂စီးဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က နေအိမ်၊ ကားနှင့် ဆိုင်ကယ်အပါအဝင် ပြည်သူလူထုပိုင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံက ဓာတ်ပုံနှင့်တကွ လူထု​နွေဦးသို့ ပေးပို့လာသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၄ရက်၊ ၂၅နှင့် ၂၆ရက်တို့တွင် ရွာရှိ နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၂၇ရက်မနက်တွင် ကားနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါကျေးရွာ၌ စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့ရာ ရွာသူရွာသား ငါးဦးထက်မနည်း ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁၁ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

ဒီဇင်ဘာ ၂၂ရက်မှ ယနေ့နံနက်ထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ ဒီဇင်ဘာ ၂၃ရက်တွင် ရဟတ်ယာဉ် ၂စီးဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။