Connect with us

Hi, what are you looking for?

News

နတ်ချောင်းရွာဒေသခံများ၏ ကား၊ ဆိုင်ကယ်နှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၂၂ရက်မှ ယနေ့နံနက်ထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ ဒီဇင်ဘာ ၂၃ရက်တွင် ရဟတ်ယာဉ် ၂စီးဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က နေအိမ်၊ ကားနှင့် ဆိုင်ကယ်အပါအဝင် ပြည်သူလူထုပိုင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံက ဓာတ်ပုံနှင့်တကွ လူထု​နွေဦးသို့ ပေးပို့လာသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၄ရက်၊ ၂၅နှင့် ၂၆ရက်တို့တွင် ရွာရှိ နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၂၇ရက်မနက်တွင် ကားနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါကျေးရွာ၌ စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့ရာ ရွာသူရွာသား ငါးဦးထက်မနည်း ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁၁ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

ဒီဇင်ဘာ ၂၂ရက်မှ ယနေ့နံနက်ထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ ဒီဇင်ဘာ ၂၃ရက်တွင် ရဟတ်ယာဉ် ၂စီးဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။