Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်မှာတစ်လ​ကျော်အတွင်းစစ်တပ်ဗုံးကြဲလို့ ပြည်သူ ၇၈ ဦး​သေ ၊ ၁၂၇ ဦးဒဏ်ရာရ

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring

အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ ၈ ရက်​နေ့အထိစစ်တပ်က ​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်မှု​ကြောင့် ရခိုင်ပြည်နယ်မှာပြည်သူအနည်းဆုံး ၇၈ ဦး​သေဆုံးပြီး ၁၂၇ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ လူထုနွေဦးစု​ဆောင်းထားတဲ့အချက်အလက်​တွေအရ​တွေ့ရှိရပါတယ် ။

​သေဆုံးသူ​တွေမှာ အမျိုးသမီး ၂၂ ဦး ၊အမျိုးသား၄၇ ဦး ၊ကျားမ ခွဲခြားမရသူ ၉ ဦးပါဝင်ပါတယ် ။ ​​​မွေးဖို့ရက်ပိုင်းအလိုရင်​သွေးငယ်က​နေ က​လေးငယ်​တွေ၊သက်ကြီးရွယ်အို​တွေအထိ ​သေဆုံးသူ​တွေမှာပါဝင်ပါတယ်။စက်တင်ဘာ ၂၈ ရက်မှာကျောက်​တော်မြို့နယ်က အိန္ဒိယ​ဈေးနဲ့ ကစ္ဆပနဒီတံတားကို ဗုံးကြဲသတ်ဖြတ်မှုမှာ ပြည်သူ ၅၁ ဦး​သေဆုံးပြီး ၆၀ ခန့်ဒဏ်ရာရကာလူ​သေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ စစ်တပ်က အာရက္ခတပ်​တော်ကို၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကတန်ပြန်ထိုးစစ်ဆင်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့​ပေမယ့်

အကြိမ်ကြိမ် စစ်ရှုံးခဲ့တာက​နေ စက်တင်ဘာ ၄ ရက်ကစတဲ့တန်ပြန်ထိုးစစ်မှာလည်းစခန်းတခုမှမသိမ်းနိုင်ဘဲ AA ကစခန်း​တွေပြန်သိမ်း​နေပါတယ်။ တစ်လကျော်အတွင်းစစ်တပ်က ပြည်သူ​တွေကို ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့အ​ခြေအ​နေကို People’s Spring ကအင်ဖိုဂရပ်နဲ့​ဖော်ပြ​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။