Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမှာ စစ်တပ်စစ်ကြောင်း၀င်တဲ့ ရွာက ပြည်သူတွေကယ်ထုတ်ဖို့သွားတဲ့ ပခုက္ကူခရိုင် ရင်း(၁၉)က ရဲဘော်တချို့ ကျဆုံး၊ တပ်ခွဲမှူးအပါအဝင် ရဲဘော်တချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း၀င်တဲ့ ကျေးရွာက ပြည်သူတွေကို ကယ်ထုတ်ဖို့သွားရင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ က ရဲဘော် တချို့ကျဆုံးပြီး တပ်ခွဲမှူး ဗိုလ်မထား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းမှ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်း ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း)

အောက်တိုဘာ -၁၀ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း၀င်တဲ့ ကျေးရွာက ပြည်သူတွေကို ကယ်ထုတ်ဖို့သွားရင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ က ရဲဘော် တချို့ကျဆုံးပြီး တပ်ခွဲမှူး ဗိုလ်မထား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

‌ဆိပ်ဖြူ-ဆောလမ်းပိုင်းအနီးက ထိန်ကန်နဲ့တမာချောင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀ ကျော်နဲ့ အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူတစ်ဦး ၊ PDF ရဲဘော် ၄ဦး သတ်ခံလိုက်ရတယ်။ရွာထဲစစ်ကြောင်း၀င်လို့ ပြည်သူတွေကို ကယ်ဖို့ သွား ထုတ်ရင်း ကင်းပုန်းနဲ့တိုးတာ”လို့ ဆိပ်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ တပ်ခွဲမှူး ဗိုလ်မထားအပါအ၀င် ရဲဘော် ၁၁ ဦး၀န်းကျင် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောင်းက ဆိပ်ဖြူမြို့ကို ပြန်ဆုတ်သွားတယ်လို့ အသိပေးပါတယ်။

” ဗိုလ်မထား ဖမ်းခံရတာတော့ ဟုတ်တယ်။သေသလား၊ရှင်သလား မသိရသေးဘူး”လို့ ဆိပ်ဖြူမြို့နယ် တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၉) တာ၀န်ရှိသူထံလူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁ )နဲ့ လေကြောင်းရန်ကာ ကွယ်ရေးတပ် ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာနဲ့ ဗိုလ်ကြီးတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တာကြောင့် စစ်တပ်က ဇူလိုင်ကစပြီး ဆိပ်ဖြူမြို့နယ်ကို စစ်ကြောင်း ထိုးနေတာဖြစ်ပါတယ်။

အထူးသဖြင့် ဆိပ်ဖြူနယ်ထဲက ပုသိမ်-မုံရွာ ၊ဆော -ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက် လမ်းပိုင်းတွေမှာ စစ်တပ်က အင်အား ၅၀၀ ၀န်းကျင်နဲ့ ကင်းပုန်းတွေချတာ၊ စစ်ကြောင်းထိုးတာတွေ ကြောင့် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook