အောက်တိုဘာ ၁၀၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံနဲ့အတူ “Our Ambassador – Our Voice” ၊ “Our UN Ambassador H.E Kyaw Moe Tun, True Voice of Myanmar” ၊ “ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ရန်ထောက်ခံပါသည်” စတဲ့ စာသားတွေကိုင်ဆွဲပြီး ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိစေရေးအတွက် ထောက်ခံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ထောက်ခံပွဲကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေး လူထုထောက်ခံပွဲတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။



















































