Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ဦး​​ကျော်မိုးထွန်းထောက်ခံရေး လှုပ်ရှားမှုတွေ မြောင်မြို့နယ်မှာ ပြုလုပ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သံအမတ်ကြီး ဦး​​ကျော်မိုးထွန်းထောက်ခံရေး လူထုလှုပ်ရှားမှုတွေ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

အောက်တိုဘာ ၁၁၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သံအမတ်ကြီး ဦး​​ကျော်မိုးထွန်းထောက်ခံရေး လူထုလှုပ်ရှားမှုတွေ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာပြည်သူလူထုကြုံတွေ့ ခံစားနေရမှုတွေ၊ အကြမ်းဖက်ဖိနှိပ်မှုတွေကို အမှန်တရားအတိုင်း လူထုကိုယ်စားပြုထုတ်ဖော်ပြောပြပေးနိုင်ဖို့ဆိုရင် ကုလသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိနေဖို့ အရေးကြီးတဲ့အတွက် မြောင်မြို့နယ် ဗိုလ်ချုပ်ကြေးရုပ်နဲ့ မြို့မစျေးတွေမှာ ထောက်ခံကြောင်း ပြသတဲ့ ဆိုင်းဘုတ်တွေကို မြောင်မြို့နယ်သပိတ်ကော်မတီဝင်တွေက စိုက်ထူခဲ့ပါတယ်။

ဒါ့အပြင် “Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar”၊ “ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စတဲ့စာသားတွေ ကပ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ မိမိတို့ပါဝင်နိုင်တဲ့နည်းလမ်းတွေနဲ့ ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ပြသမှုတွေ ပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မြောင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်ကော်မတီဝင်တွေနဲ့ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ မိသားစုနှင့် တွေ့ဆုံခွင့် ၊ စကားပြောခွင့်နဲ့ခြွင်းချက်မရှိ လွှတ်ပေးရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး Free Her ဆိုင်းဘုတ်တွေ စိုက်ထူကာ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

လူစည်ကားရာ လမ်းမကြီးထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံနဲ့အတူ “ကျွန်တော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ ကျွန်တော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။ ကျွန်တော့်မေမေကို လွှတ်ပေးပါ” ဆိုတဲ့ စာသားပါ ဗီနိုင်းကပ်ပြီး FREE HER ကမ်ပိန်းကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျာမနီနိုင်ငံ Bielefeld မြို့မှာပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် Free Her Campaign ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ FREE HER Campaign ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေက အမှတ်တရသစ်ပင်တွေ ဒီကနေ့ (အောက်တိုဘာ ၁၁) စိုက်ပျိုးခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Trending

Facebook