Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လေကြောင်းပစ်ကူပေး

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အောက်တိုဘာ-၁၃၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဖယ်ခုံမြို့နယ်၊မိုးဗြဲမြို့ အနောက်ခြမ်းက အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနာ တစ်ပတ်နီးပါး ရှိလာပြီလို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာနဲ့ နှစ်စီး ခြောက်လုံးကြဲတယ်။ Y 12 နဲ့က လေးခေါက် ၁၅ လုံး ကြဲတယ် “လို့ ‌ဖယ်ခုံဒေသခံစစ်ရေးသတင်းရင်းမြစ်က ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောတိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒေသခံ တော်လှန်ရေးတပ်တွေဖြစ်တဲ့ မိုးဗြဲ PDF MBPDF နဲ့ အမှတ်(၁) အယ်လ်ဖာ‌စစ်ဒေသကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အခု အောက်တိုဘာ ၇ ရက်ကတည်းက လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာလို့ MBPDF က ကနဦး ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်း တိုက်ပွဲ‌တွေမှာ မိုးဗြဲမြို့အနီးက အာဏာ သိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောထားပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားပြီး တော်လှန်ရေးဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ရှိပါတယ်။

အောက်တိုဘာ ၈ ရက်က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊၁၀၀၁တပ်ရင်း၊တပ်ခွဲအမှတ်(၁)လင်းယုန်တပ်ခွဲက တပ်စုမှူးအလက်ဇန္ဒား ဟာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

Facebook