Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့ စက်ရုပ်နဲ့ ပိုင်ရှင်တွေကို ရဲတပ်ဖွဲ့ ဖမ်းဆီး

မိန်းကလေး တစ်ယောက်ကို မဖွယ်မရာ ထိကိုင်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တဲ့ စက်ရုပ်နဲ့ အဲဒီစက်ရုပ်ရဲ့ ပိုင်ရှင်ကို ဂျာမနီ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဓာတ်ပုံ - Cologne Police

မိန်းကလေး တစ်ယောက်ကို မဖွယ်မရာ ထိကိုင်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တဲ့ စက်ရုပ်နဲ့ အဲဒီစက်ရုပ်ရဲ့ ပိုင်ရှင်ကို ဂျာမနီ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်စဉ်မှာ အနီနဲ့ရွှေရောင် ဆေးခြယ်ထားတဲ့ အဝေးထိန်း စနစ်သုံး စက်ရုပ်ဟာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးရဲ့ တင်ပါးကို သွားကိုင်ခဲ့ပြီး နောက်ဖက်ကနေ မဖွယ်မရာ ပုံစံမျိုးတွေ လုပ်ပြခဲ့တယ်လို့ ကိုလုံးမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒါကြောင့် မိန်းကလေးက အလန့်တကြား အော်ဟစ်ပြီး စက်ရုပ်နဲ့ ဝေးရာကို ဖယ်ခွာသွားခဲ့ရပါတယ်။

အဲဒီ စက်ရုပ်ကို အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက ပိုင်ဆိုင်ပြီး သူရော၊ အသက် ၁၉ နှစ်အရွယ် အဖော်တစ်ဦးကိုပါ ရဲတွေက ဖမ်းဆီးထားပါတယ်။ အဖော်ဖြစ်သူက ဖြစ်စဉ်ကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် ထုတ်လွှင့်နေခဲ့တာလို့ ယုံကြည်ရပါတယ်။

Facebookပေါ်မှာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားမှုအရ အောက်တိုဘာ ၁၀ ရက်နေ့တုန်းက ၄ ပေလောက် အမြင့်ရှိတဲ့ စက်ရုပ်ဟာ fast-food စားသောက်ဆိုင် တစ်ခုနားမှာ ရှိနေတဲ့ မိန်းကလေးကို နောက်ဖက်ကနေ ချဉ်းကပ်ပြီး တင်ပါးကို ဆုပ်ကိုင်ခဲ့သလို မဖွယ်မရာ ပုံစံတွေ လုပ်ပြခဲ့တာလို့ သိရပါတယ်။ စက်ရုပ်ဟာ အဝေးထိန်းစနစ် သက်သက်နဲ့ အလုပ်လုပ်တဲ့ အမျိုးအစား ဖြစ်တာကြောင့် ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပိုင်ရှင်ရဲ့ ခိုင်းစေမှု ရှိနေတဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

မိန်းကလေးရဲ့ တိုင်ကြားမှုကြောင့် ရဲတွေက စက်ရုပ်ကို လိုက်ရှာခဲ့ပြီး ဘလောက်တစ်ခုစာ အကွာလောက်မှာပဲ လူငယ်နှစ်ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ စက်ရုပ်ကိုလည်း ကားနောက်ခန်းထဲမှာ ရှာတွေ့ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံထဲမှာတော့ စက်ရုပ်မှာ နှုတ်ခမ်းမွေး အထူကြီး တပ်ဆင်ပေးထားပြီး ရွှေရောင် သံကြိုးကြီးတစ်ကွင်းကို လည်ပင်းမှာဆွဲပြီး အဖြူရောင် စွပ်ကျယ် ဝတ်ပေးထားတာ တွေ့ရပါတယ်။ ရဲတွေဟာ သံသယရှိသူ နှစ်ဦးဆီက မိုဘိုင်းဖုန်း နှစ်လုံးကိုလည်း သိမ်းယူထားပါတယ်။

ရဲတွေက အခုကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲလို့ ဆိုပါတယ်။ နောက်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထင်ကြေး အမျိုးမျိုး ပေးနေကြရာမှာ တချို့သော လွန်ကဲတဲ့ မှတ်ချက်တွေဟာ စည်းလွတ်ဘောင်လွတ်ဖြစ်ပြီး ရာဇဝတ်မှု မြောက်သွားနိုင်ကြောင်း ရဲတပ်ဖွဲ့က နောက်ဆက်တွဲ ပို့စ်တစ်ခုနဲ့ သတိပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီ အစိုးရ အဓိပတိ ရောက်ရှိချိန်မှာတောင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။