Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖောက်ခွဲရေးဒရုန်းတစ်ခုကိုဂျာမနီလေဆိပ်ထဲမှာရှာတွေ့

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

သြဂုတ် – ၆ ၊၂၀၂၆

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်း ကုန်တင်လေယာဉ်တွေနားမှာ အဲဒီ ဖောက်ခွဲရေး ပစ္စည်းပါတဲ့ ဒရုန်းကို ရှာတွေ့ခဲ့တဲ့နောက် ဩဂုတ် ၅ ရက်နေ့မှာ တာဝန်ရှိသူတွေက ဗုံးရှင်းစက်ရုပ်တစ်ခုကို အသုံးပြုပြီး ဖယ်ရှားခဲ့ရပါတယ်။

ဆက်ဆွန်နီမှာရှိတဲ့ လိုက်ပ်ဇစ်/ဟယ်လီ လေဆိပ်မှာ အဲဒီ ဖောက်ခွဲရေး ပစ္စည်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ လေဆိပ်မှာပဲ အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုဟာ ကုန်တင်လေယာဉ် တစ်စီးကို ဝင်တိုက်ခဲ့သေးပေမယ့် လေယာဉ်မှာ ကြီးကြီးမားမား အပျက်အစီး မရှိခဲ့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စဟာ လုံခြုံရေး အစီအမံတွေအတွက် တစ်ဆင့်ထပ်တိုးလာတဲ့ ခြိမ်းခြောက်မှုမျိုးလို့ ဂျာမနီ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဂျာမနီဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တပ်စခန်းတွေ၊ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ၊ ဆိပ်ကမ်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတွေနားမှာ တရားဝင် ခွင့်ပြုမထားတဲ့ ဒရုန်းပျံသန်းမှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့သလို လေဆိပ်တွေမှာလည်း လုံခြုံရေး တပ်လှန့်ထားရပါတယ်။

အဲဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ရုရှားရဲ့ လက်ချက် ပါဝင်နေနိုင်တယ်လို့ ရဲတွေက ပြောပေမယ့် ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။

ဂျာမနီ အရှေ့ပိုင်းမှာ တည်ရှိတဲ့ လိုက်ပ်ဇစ်/ဟယ်လီ လေဆိပ်ဟာ ဂျာမနီနဲ့ NATO စစ်မဟာမိတ် နိုင်ငံတွေက ယူကရိန်းအတွက် စစ်သုံးပစ္စည်းတွေ ပို့ဆောင်ပေးဖို့ တာဝန်ယူထားပါတယ်။ နောက်ပြီး ယူကရိန်းရဲ့ လေကြောင်း ကုန်စည် သယ်ယူမှုတွေကို အများဆုံး ကိုင်တွယ်ပေးနေတဲ့ အန်တိုနော့ဗ် လေကြောင်းလိုင်းလည်း အခြေစိုက်ထားပါတယ်။

ဖောက်ခွဲရေး ကိရိယာ တပ်ထားတဲ့ ဒရုန်းကိုတော့ ရပ်နားထားတဲ့ အန်တိုနော့ဗ် လေယာဉ်တွေနားမှာ ရှာတွေ့ခဲ့တာလို့ ဆက်ဆွန်နီ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုပါတယ်။

ဂျာမနီ နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလက်ဆီ မာကိဗ်က ဒီကိစ္စမျိုးကို ကျူးလွန်မယ့်သူဟာ ရုရှားအပြင် ဘယ်သူ ရှိဦးမှာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး ရုရှားဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း လိုက်ပ်ဇစ်/ဟယ်လီ လေဆိပ်မှာ DHL ကုမ္ပဏီရဲ့ ကုန်တင် လေယာဉ်ပေါ် တင်မယ့် အထုပ်တစ်ထုပ်က မြေပြင်ပေါ်မှာ ရှိနေတုန်း ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာလည်း ရုရှားရဲ့ လုပ်ရပ်လို့ ယူဆရပေမယ့် တိကျတဲ့ အထောက်အထားတော့ မပြသနိုင်ခဲ့ပါဘူး။

မှတ်ချက် – ဂျာမနီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်အကြီးအစား ဂျာမနီဆိုင်ရာ ယူကရိန်သံအမတ်ကြီး လို့ ပြန်လည်ပြင်ဆင်ထားပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း