အောက်တိုဘာ-၁၄၊၂၀၂၆။အိုလီဗီယား/People’s Spring
ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်ရှိ ကမ်းနားကြီးပွဲရုံတန်း ဒီနေ့( အောက်တိုဘာလ ၁၄ ရက်)မနက်အစောပိုင်းမှာမီးလောင်မှုဖြစ်ပွားပြီးပျက်စီးဆုံးရှုံးမှုများပြားခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။
ဒီမနက်ပိုင်း ၄ နာရီခန့်မှာကမ်းနားလမ်းပွဲတန်းမှာမီးစလောင်တာပါ။
မီးသတ်ကတော့ဆန်ပွဲရုံ မီးလောင်တဲ့သတင်းကို မနက် ၃ နာရီ ၅၃ မိနစ်မှာ သတင်းရတာလို့ ဆိုထားပါတယ်။

Public Service Announcement
“ဆန်ပွဲရုံတွေ၊ ပဲပွဲရုံတွေ မီးထဲပါသွားတယ် မီးလောင်အားလည်း ကောင်းတော့ ကုန်သလောက်နီးပါးပဲ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
အဲဒီမီးလောင်မှုကို၂ နာရီနီးပါးကြာငြိမ်းသတ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိဘူးလို့ လို့သိရပါတယ်။
ဒါပေမယ့်မီးလောင်မှုကြောင့် ပွဲရုံတွေ နဲ့ ဆိုင်ခန်း ၂၀ ကျော် မီးထဲပါသွားပါတယ်။



















































