Connect with us

Hi, what are you looking for?

သတင်း

စံချိန်တင်မိုးရွာခဲ့တဲ့ တနင်္သာရီတိုင်းမှာ အပူချိန်စံချိန်သစ်တင်

စံချိန်တင်မိုးရွာပြီးတဲ့နောက်ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့တဲ့တနင်္သာရီတိုင်းမှာရေ‌ဘေးကြုံပြီး ရက်သတ္တပတ်နှစ်ပတ်​ကျော်အကြာမှာပဲ အပူချိန်စံချိန်သစ်တင်ခဲ့ပါတယ်။

(စူပါအယ်လ်နီညိုဟာ လာမယ့် ဒီဇင်ဘာလမှာ အပြင်းထန်ဆုံးဖြစ်လာနိုင်တယ်လို့ ပညာရှင်​တွေက ခန့်မှန်းထားပါတယ်။ဓါတ်ပုံ-Getty)

​အောက်တိုဘာ-၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

စံချိန်တင်မိုးရွာပြီးတဲ့နောက်ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့တဲ့တနင်္သာရီတိုင်းမှာရေ‌ဘေးကြုံပြီး ရက်သတ္တပတ်နှစ်ပတ်​ကျော်အကြာမှာပဲ အပူချိန်စံချိန်သစ်တင်ခဲ့ပါတယ်။

ကော့သောင်းမြို့နယ်မှာအောက်တိုဘာလ ၁၂ရက်နေ့က ၃၅ဒသမ၂ ဒီဂရီ ဆဲလ်ဆီးယပ်အထိ အပူချိန်ရှိခဲ့ပြီး ၂၀၀၄ ခုနှစ်က နောက်ဆုံး အပူချိန်စံချိန်သစ်ဖြစ်ခဲ့တဲ့ ၃၅ ဒီဂရီ ဆဲလ်ဆီးယပ်ကို ကျော်လွန်ပြီးစံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့စက်တင်ဘာလ နှောင်းပိုင်းကထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့ခဲ့ပါတယ်။ ရေဘေးကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး အပျက်အစီးအလွန်များပြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထားဝယ်မြို့မှာ စက်တင်ဘာလ၂၇ရက်နဲ့ ၂၈ရက်​တွေမှာ နှစ်ရက်ဆက် မိုးရေချိန်စံချိန်သစ်တင်ခဲ့ပါတယ်။တနင်္သာရီတိုင်းအတွင်း မိုး​ရေချိန် စံချိန်တင်ရွာသွန်းနေချိန်မှာပဲ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တိုမှာ​တော့ အပူချိန် စံချိန်သစ်တင်ပူခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ရက် မနက်အစောပိုင်းမှာလည်း ရန်ကုန်မြို့အပါအဝင် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မြို့တွေမှာ လေပြင်းကျပြီး မိုးကြိုး‌တွေလည်း ဆက်တိုက်ပစ်တဲ့ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာနဲ့အဝှမ်းမှာ စံချိန်တင်ပူပြင်းခြောက်သွေ့ပြီးအစွန်းရောက်ရာသီဥတုဖောက်ပြန်မှုတွေ ကြုံရနိုင်တဲ့ စူပါအယ်လ်နီညို ဟာ လာမယ့်ဒီဇင်ဘာလမှာ အပြင်းထန်ဆုံးဖြစ်လာနိုင်​ကြောင်းကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က သတိပေးထားပါတယ်။ နိုင်ငံတစ်ဝန်းအပူချိန်​တွေမြင်တက်​နေတာ​ကြောင့် ရန်ကုန်မြို့မှာ သက်ကြီးပိုင်းပြည်သူတဦး အပူရှပ်​သေဆုံးခဲ့ပြီး ၁ ဦးသတိလစ်ကာ​လေဖြန်း ခဲ့ကာ တစ်ဦးမှာလည်းသတိလစ်ခဲ့လို့ ​အ​ရေးပေါ် ကယ်ဆယ်ကုသ​ရေး​ဆောင်ရွက်ခဲ့ရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၀ ရက်​နေ့မှာ မိုး​လေဝသစခန်းရှိတဲ့​ဒေသ​တွေထဲက ဖျာပုံ နဲ့ ​ဇောင်းတူ ​ဒေသမှာ အပူရှိန်စံချိန်သစ်တင်ခဲ့ပါ​သေးတယ် ။ဇောင်းတူ​ဒေသမှာအောက်တိုဘာ၁၀ ရက်မှာအပူချိန်၃၁. ၁ ဒီဂရီဆဲလ်စီးယပ် (၉၈.၈ ဒီဂရီဖာရင်ဟိုက်) ရှိပြီး စခန်းစတင်ဖွင့်လှစ်တဲ့ ၃၉ နှစ်အတွင်းအပူချိန်အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မိုး​လေဝသနဲ့ ဇလ​ဗေဒဌာနကထုတ်ပြန်ပါတယ်။

အလားတူဖျာပုံမှာလည်း ​အောက်တိုဘာ ၁၀ ရက်က အပူချိန် ၃၆.၂ ဒီဂရီဆဲလ်စီးယပ်(၉၆.၈ ဒီဂရီဖာရင်ဟိုက်)ရှိပြီး ၂၅ နှစ်အတွင်းအပူချိန် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

စူပါအယ်လ်နီညိုကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီအထိ လူ​ပေါင်း ၁,၂၀၀ ​ခန့် သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က ခန့်မှန်းတွက်ချက်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါ အယ်လ်နီညိုကြောင့် ၂၀၂၆ ဟာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံး နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ဆောင်းပါး

စူပါအယ်လ်နီညို​ကြောင့်နှစ်ပေါင်း ၁,၀၀၀အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်းပညာရှင်​တွေခန့်မှန်း