Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံကာကွယ်ပေးသည့်ပြဌာန်းချက်များပါဝင်​သော NDAA ကို သမ္မတဘိုင်ဒန်လက်မှတ်ထိုးအတည်ပြု

ဆက်လက်ပြီး NDAA တွင် အမေရိကန်အစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုရေးနှင့် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးရန် လုပ်ဆောင်နေမှုများကို ကွန်ဂရက်ကို အစီရင်ခံရှင်းလင်းရမည့်အချက်များကိုလည်း ထည့်သွင်းထားသည်။

▪️NDAA တွင် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးရန် ဖိအားပေးထား

စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကာကွယ်ပေးသည့် ပြဌာန်းချက်များပါဝင်သော အမေရိကန်အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA)ကို ဒီဇင်ဘာ ၂၇ ရက်တွင် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြုကြောင်း အိမ်ဖြူတော်က ထုတ် ပြန်ကြေညာသည်။

အမေရိကန်ကွန်ဂရက်(လွှတ်တော်)က အတည်ပြုကာ သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးရန် ပေးပို့ခဲ့သော NDAA တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ စာမျက်နှာ ၅ ခုကျော်ပါဝင်သည့် ပြဌာန်းချက်များကို ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် ဦးဆောင်ထည့်သွင်းခဲ့ပြီး ယင်းဥပဒေမူကြမ်းတစ်ခုလုံးကို အမေရိကန်သမ္မတက ပြင်ဆင်ချက်မရှိဘဲ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးအတည်ပြုလိုက်သော NDAA တွင် မြန်မာအာဏာသိမ်းစစ်တပ်ကို ပိုမိုဒဏ်ခတ်အရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီ အင်အားစုများ၊ CDM ဝန်ထမ်းများကို ကူညီထောက်ပံ့ရေး၊ စစ်တပ်၏ ရက်စက်ယုတ်မာမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိစေရေး၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်ပေါ် ရေး၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေး စသည့် အချက်များ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး NDAA တွင် အမေရိကန်အစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုရေးနှင့် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးရန် လုပ်ဆောင်နေမှုများကို ကွန်ဂရက်ကို အစီရင်ခံရှင်းလင်းရမည့်အချက်များကိုလည်း ထည့်သွင်းထားသည်။

သို့သော် မြန်မာနိုင်ငံအတွက် သီးသန့်ရေးဆွဲထားသည့် Burma Act ကို လွှတ်တော်နှစ်ရပ်၏ သဘောတူအတည်ပြုချက်နှင့် အမေရိကန်သမ္မတလက်မှတ်ရေးထိုးရေးက ပိုမိုအရေးကြီး ကြောင်း ယင်းဥပဒေကြမ်းအတည်ပြုရေးစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ U.S Advocacy Coalition for Myanmar က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။