Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံကာကွယ်ပေးသည့်ပြဌာန်းချက်များပါဝင်​သော NDAA ကို သမ္မတဘိုင်ဒန်လက်မှတ်ထိုးအတည်ပြု

ဆက်လက်ပြီး NDAA တွင် အမေရိကန်အစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုရေးနှင့် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးရန် လုပ်ဆောင်နေမှုများကို ကွန်ဂရက်ကို အစီရင်ခံရှင်းလင်းရမည့်အချက်များကိုလည်း ထည့်သွင်းထားသည်။

▪️NDAA တွင် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးရန် ဖိအားပေးထား

စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကာကွယ်ပေးသည့် ပြဌာန်းချက်များပါဝင်သော အမေရိကန်အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA)ကို ဒီဇင်ဘာ ၂၇ ရက်တွင် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြုကြောင်း အိမ်ဖြူတော်က ထုတ် ပြန်ကြေညာသည်။

အမေရိကန်ကွန်ဂရက်(လွှတ်တော်)က အတည်ပြုကာ သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးရန် ပေးပို့ခဲ့သော NDAA တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ စာမျက်နှာ ၅ ခုကျော်ပါဝင်သည့် ပြဌာန်းချက်များကို ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် ဦးဆောင်ထည့်သွင်းခဲ့ပြီး ယင်းဥပဒေမူကြမ်းတစ်ခုလုံးကို အမေရိကန်သမ္မတက ပြင်ဆင်ချက်မရှိဘဲ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးအတည်ပြုလိုက်သော NDAA တွင် မြန်မာအာဏာသိမ်းစစ်တပ်ကို ပိုမိုဒဏ်ခတ်အရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီ အင်အားစုများ၊ CDM ဝန်ထမ်းများကို ကူညီထောက်ပံ့ရေး၊ စစ်တပ်၏ ရက်စက်ယုတ်မာမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိစေရေး၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်ပေါ် ရေး၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေး စသည့် အချက်များ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး NDAA တွင် အမေရိကန်အစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုရေးနှင့် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးရန် လုပ်ဆောင်နေမှုများကို ကွန်ဂရက်ကို အစီရင်ခံရှင်းလင်းရမည့်အချက်များကိုလည်း ထည့်သွင်းထားသည်။

သို့သော် မြန်မာနိုင်ငံအတွက် သီးသန့်ရေးဆွဲထားသည့် Burma Act ကို လွှတ်တော်နှစ်ရပ်၏ သဘောတူအတည်ပြုချက်နှင့် အမေရိကန်သမ္မတလက်မှတ်ရေးထိုးရေးက ပိုမိုအရေးကြီး ကြောင်း ယင်းဥပဒေကြမ်းအတည်ပြုရေးစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ U.S Advocacy Coalition for Myanmar က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။